Monday 10 August 2009

Reminder to the World

လောကကြီးကို Remind လုပ်ခြင်း
ငါတို့ ချစ်တဲ့ ငါတို့ ခေါင်းဆောင်လွှတ်မြောက်ဖို့ ရော
မတရားအကျဉ်းကျခံနေရတဲ့ သူတွေလွတ်မြောက်ဖို့ ရော
ငါအပါအ၀င်..ဘယ်သူတွေတတ်နိုင်ပါလိမ့် ?
ငါကိုယ်တိုင်ရောလွတ်လပ်လို့ လား ?
ငါတို့ အားလုံးလည်း ထောင်မဟုတ်သော်လည်း
ထောင်ကျနေသလိုပဲ ဒီယုတ်မာတဲ့ စစ်အစိုးရရဲ့ 
ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ လူသားတစ်ယောက်ရဲ့ 
ရသင့်ရထိုက်တဲ့ လွတ်လပ်မှု..တရားမျှတမှု
ငြိမ်းချမ်းပျော်ရွှင်မှုတွေပျောက်ဆုံးခဲ့ တာ ကြာခဲ့ ပါပြီ
လောကတရားကြီးရယ်
တရားမျှတမှုဆိုတာလေး ပြန်ပေးပါဦး။

Saturday 8 August 2009

ငါအပါအ၀င်…ငါများစွာအတွက်

ငါအပါအ၀င်…ငါများစွာအတွက်
(ငါ့ ကိုယ်ငါ ခံစားရေးဖွဲ့ ဆုံးမခြင်း..သြဂုတ်လ ၉ ရက်နေ့ , ၂၀၀၉)
(၁) ငါ မျက်နှာတစ်ခုတည်းမို့ 
ငါ့အတွက်ပဲ ငါကြည့်နေသလား?
(၂) ငါ.. ခေါင်းတစ်လုံးထဲမို့ 
ငါ့ အကြောင်းပဲ ငါစဉ်းစားနေသလား?
(၃) ငါ.. လက်နှစ်ဖက်တည်းမို့ 
ငါ့ အတွက်ပဲ ငါ ယက်ယူနေမိလား?
(၄) ငါ.. ခြေနှစ်ချောင်းထဲမို့ 
ငါ့ အတွက်ပဲ ငါ သွားနေမိသလား?
(၅) ငါ.. ပါးစပ်တစ်ပေါက်ပဲ ပါလို့ 
ငါ့ အတွက်ပဲ စား ငါ့ အတွက်ပဲပြောပြီး
အများအတွက် ပြောပေးခဲ့ ဖူးလား?
(၆) ငါ.. မျက်လုံးနှစ်လုံးအသုံးပြုပြီး
ငါ့အတွက်သာငါကြည့်..သူများအမှားငါကြည့်ပြီး
ငါ့ အမှားငါ ဘယ်နှစ်ခါများကြည့်ဖူးပါလိမ့်?
(၇) ငါ.. နားနှစ်ဖက်ရှိနေတာတောင်
ငါ တစ်ဖက်နားနဲ့ သာ ဘယ်နှစ်ခါများနားထောင်
ဆုံးဖြတ်မိပါလိမ့် ?
(၈) ငါ.. နှစ်ခေါင်းနှစ်ပေါက်နဲ့  ကိုယ်ရှင်သန်ဖို့ အတွက်
ငါ တစ်ယောက်တည်း ၀အောင်ရှူခဲ့ လေသလား?
(၉) ငါ.. ငါရထားတာတွေ..ငါရှာထားတာတွေ..
ငါရှိနေတာတွေနဲ့ ..ငါတစ်ယောက်တည်းသုံး
ငါ့ အတွက်ပဲ ငါလုပ်ခဲ့ လေသလား?
(၁၀) ဒီလိုနဲ့ ပဲ…ငါ့ အတွက်ငါလုပ်ရင်း
ငါ့ ကိုဘာမှတ်လဲလို့ ငါတစ်ကော ကောရင်း
ငါ့ ကိုယ်ငါချစ်ရင်း…ငါချစ်တဲ့သေမင်းဆီကိုရော
ငါ ပျော်ပျော်ကြီးသွားမှာလား?
(၁၁) ငါ..ငါ့ ခေါင်းလေးနဲ့ ငါနိုင်သလောက်သူများအတွက်မစဉ်းစားအားတော့ဘူးလား?
ငါ..မျက်လုံးတွေနဲ့ အများအတွက်ရောငါ့ အတွက်ပါ..မှောက်ကျမယ့် ချောက်တွေကို
ကြည့်ပြီး ဖယ်ရှားမပေးချင်ဘူးလား
(၁၂) ငါ့လက်နှစ်ဖက်နဲ့ ..မှန်ကန်တဲ့ လမ်းညွှန်မှု
နွေးထွေးတဲ့ ပွေ့ ဖက်မှုတွေငါမပေးနိုင်တော့ဘူးလား?
(၁၃) ငါ..ငါ့ခြေထောက်နှစ်ချောင်းနဲ့ အများကောင်းဖို့ 
လျှောက်ရတဲ့ ခရီးတစ်လျှောက်မှာ
ငါ..သာသာလေးနေကျန်ခဲ့ မလား ?
(၁၄) ကဲ.. ငါ..ဒီလိုနဲ့ အချိန်တွေစားလာ
အမှားတွေများလာ…
ငါ..ငါမုန်းတဲ့ငါ
(ငါ့ ကိုယ်ငါ ခံစားရေးဖွဲ့ ဆုံးမခြင်း..သြဂုတ်လ ၉ ရက်နေ့ , ၂၀၀၉)

Tuesday 14 October 2008

တိုက်ယူမှရမယ်

မြန်မာနိုင်ငံကြီး စစ်ကျွန်ဘ၀အောက်ကအမြန်လွတ်မြောက်ဖို့ ဆိုရင်…….
၁) ညီညွတ်ဖို့ လိုတယ်
၂)လွတ်မြောက်ချင်တဲ့ ပြင်းပြတဲ့ဆန္ဒ ရှိဖို့ လိုတယ်
၃)ပါးပါးနပ်နပ် နဲ့ စီစဉ်ဆောင်ရွက်ဖို့ လိုတယ်
၎)ငြိမ်းချမ်းစွာဆိုတဲ့စကားလုံးကို လုံးနားမလည်တဲ့စစ်အစိုးရအတွက်အကောင်းဆုံးက လက်နက်ကိုလက်နက်
နဲ့ တုန့် ပြန်တာအကောင်းဆုံးပါဘဲ
၅)၂၀၁၀ မတိုင်ခင် ဒီယုတ်မာတဲ့စစ်အစိုးရကို အပြုတ်မဖြုတ်ဖြစ်ရင် မြန်မာတမျိုးသားလုံးဆွေစဉ်မျိုးဆက်အားလုံး ငြိမ်းချမ်းမှု၊ လွတ်လပ်မှုတွေတသက်တာပျောက်ဆုံးသွား၍မျှမက
သာသနာတော်ပါကွယ်ပျောက်သွားမှာဖြစ်လို့  အမြန်တိုက်ထုတ်ကြပါစို့ ။
၆)တစ်နိုင်လုံးရဲ့ အရေး၊ တမျိုးသားလုံးရဲ့ အရေး၊ အမျိုးဘာသာသာသနာတခုလုံးကွယ်ပျောက်သွားအောင်ခြိမ်းခြောက်နေတဲ့အရေးမို့  နေသာသလိုနေကြမယ့်အစား ညီညီညွတ်ညွတ်နဲ့ ဝိုင်းစဉ်းစား ၀ိုင်းဆောင်ရွက်ကြရအောင်ပါ။
၇)ဒီယုတ်မာလွန်းတဲ့စစ်အစိုးရလက်အောက်မှာ မတရားမှန်းသိရက်နဲ့ ငုံ့ ခံပြီး နှစ် (၁၀၀) ရှင်သန်နေမယ့်အစား
ရသမျှနည်းလမ်းနဲ့  ခုခံတိုက်ခိုက်ပြီး တစ်ရက်လွတ်လပ်စွာရှင်သန်ရတာကမှ အဓိပါယ်ရှိတဲ့ရှင်သန်ခြင်းပါ။
၈)လူသားတယောက်ရယ်လို့ ဖြစ်လာရင် လူသားတစ်ယောက်ရဲ့ လွတ်လပ်စွာရပ်တည်ခွင့်ဆိုတာရှိပြီးသားပါ။
မြန်မာနိုင်ငံမှာ ဘယ်မှာလဲ လူသားတစ်ယောက်ရဲ့ လွတ်လပ်စွာဖြစ်တည်ရပ်တည်ခွင့်….
၉) လိုချင်လား …. လိုချင်ရင်…ဒီအစိုးရနဲ့ တော့ တောင်းယူလို့ မရဘူး။
တိုက်ယူမှပဲ ရမှာပါ။
၁၀) ၂၀၁၀ မရောက်ခင် ရအောင်တိုက်ရင်တိုက်….မတိုက်ရင်တော့….ဒီတစ်သက်..လွတ်လပ်ရေးနဲ့ ဝေးပြီး
စစ်ကျွန်အဖြစ်ဆက်လက်နွံနစ်ခံရုံကလွဲ၍……

*** ဘာမဆိုအောင်ရမည် ***
ပြင်းပြသောအလိုဆန္ဒရှိသူအား
လွန်ကဲသောလုံ့ လ၀ီရိယရှိသူအား
ထက်သန်သောစိတ်ရှိသူအား
ထက်မြက်သောပညာရှိသူအား….
အဘယ်မည်သောအမှုကိစ္စဟူသမျှသည်
မပြီးစီးဘဲရှိနိုင်ပါအံ့နည်း
မုချအမှန်ဧကန်
ပြီးစီးအောင်မြင်ရမည်သာတည်း။

Sunday 15 June 2008

ဆုတောင်း ဆန္ဒ

လူ့ အသိ လူ့ စိတ် လူ့ နှလုံး ဘယ်လိုမှမရှိတဲ့ လူမဆန်တဲ့ မင်းဆိုးမင်းညစ်တွေအကြောင်းကိုကြားရမြင်ရတိုင်းဒေါသထွက်ရလွန်းလို သူတိုအကြောင်းကိုကြားလည်းမကြားချင်တော့ဘူး။
ရေးလည်းမရေးချင်တော့ဘူး။

ဒုက္ခရောက်သွားတဲ့ကိုယ့်နိုင်ငံသားတွေအပေါ်မှာပဲ နေ့ စဉ်နဲ့ အမျှ ခံစားနေရတဲ့သောကတွေ ဒုက္ခတွေကနေအမြန်ချုပ်ငြိမ်းစေဖို့ ဆုတောင်းပေးနေမိတယ်။

ပြီးတော့ဒီဒုက္ခသည်တွေအပေါ်မှာ လိုအပ်တာတွေကိုကူညီဖို့ ဆိုတာ ခဏနဲ့ ပြီးသွားမယ့်ကိစ္စမဟုတ်တဲ့အတွက်ကြောင့် အရှည်သဖြင့်ဘယ်လိုနဲ့  ဘာတွေဆက်ကူညီသွားရမယ်ဆိုတာကိုပဲစဉ်းစား စီစဉ်ဆောင်ရွက်သွားတာအကောင်းဆုံးပဲလို့ စိတ်ဆုံးဖြတ်လိုက်တော့တယ်။

သေဆုံးသွားသူတွေလည်း ဘ၀အဆက်ဆက် ဒီအဖြစ်ဆိုးတွေကနေကင်းဝေးပါစေ။

ဘ၀အဆက်ဆက် ဒီလိုမင်းဆိုးမင်းညစ်တွေနဲ့ ဝေးပါစေ။

အသက်ရှင်ကျန်ရစ်သူတွေလည်း သူတော်ကောင်း လူစိတ်ရှိသူတွေရဲ့ ဖေးမကူညီစောင့်ရှောက်မှုတွေရရှိပြီး
ငြိမ်းချမ်းတည်ငြိမ်တဲ့ ဘ၀လေးတွေကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ကြပါစေ။

Friday 23 May 2008

ဓါးသွေးရင်း အားမွေးကြပါစို့ 

ရိုးသားပြီး အပြစ်မဲ့တဲ့ မြန်မာပြည်သူများအပေါ်
အမှန်တရား ရယ် တရားမျှတမှုရယ် လူသားအသည်းနှလုံးရှိတဲ့  ကမ္ဘာပေါ်ရှိ လူသားများရယ်က
အမြန်ဆုံးစောင့်ရှောက်နိုင်ကြပါစေ။

အပြစ်မဲ့တဲ့ မိဘမဲ့ကလေးများ စစ်မှန် နွေးထွေးလုံခြုံတဲ့ စောင့်ရှောက်မှုအောက်ကို အမြန်ဆုံးရောက်ရှိပါစေ။

ယုတ်မာရက်စက်လွန်းတဲ့ ကိုယ့်လူမျိုး ကိုယ်ပြန်သတ်တဲ့ အာဏာရူးစစ်အစိုးရနဲ့ အပေါင်းအပါများ စစ်ခုံရုံးမှာ
အမြန်ဆုံးတရားစီရင်ခံရပါစေ။

ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ် စေတနာ့ဝန်ထမ်းပြီး ဒုက္ခရောက်ပြည်သူတွေဆီ အရောက်သွားကူညီနေသောလူပီသသူများနဲ့ 
တတ်နိုင်သမျှ လှူဒါန်းပေးကမ်းထောက်ပံ့နေသူများ
စစ်အစိုးရရဲ့ ယုတ်မာမှုကို ရသမျှ နည်းလမ်းနဲ့ ဖော်ထုတ် တိုက်ပွဲဝင်နေသူများကိုလည်း
အမှန်တရားနဲ့ သူတော်ကောင်းအပေါင်းရဲ့ စောင့်ရှောက်မှုကိုရရှိပြီး
ဆက်လက်အောင်မြင်စွာနဲ့  အများအကျိုး သည်ပိုးဆောင်ရွက်နိုင်ကြပါစေ။

အခုအချိန်ကစပြီး လူယုတ်မာတွေကို အပြီးအပြတ်တိုက်ထုတ်ဖို့  လက်တဖက်ကဓါးသွေးရင်း
ကျန်လက်တဖက်ကလည်း အပြစ်မဲ့ ပြည်သူတွေကို တတ်နိုင်သမျှ ကယ်တင်ဖို့  အားမွေးကြပါစို့ ။

တရားမျှတသော ကမ္ဘာကြီး က မြန်မာကို ကယ်တင်တော့မည်။

အင်မတန်ရိုးသားသော

အင်မတန်သည်းခံခွင့်လွှတ်တတ်သော

အင်မတန်ခံနိုင်ရည်ရှိသော

ရှိသမျှနှင့်ရောင့်ရဲတင်းတိမ်တတ်သော

ဘာကိုပဲရင်ဆိုင်ရ ရင်ဆိုင်ရ ကံတရားကြောင့်ပါလေလို့ ခွင့်လွှတ်တတ် ဖြေတွေးတွေးတတ်သော

ထိုသို့ ချစ်စရာကောင်းလောက်အောင်ရိုးသား ရိုးအလွန်းသော အပြစ်မဲ့ပြည်သူများအပေါ်

မရ ရတဲ့နည်းပေါင်းစုံဖြင့် မသေသေအောင်သတ်နေသော

မျိုးမပြုတ် ပြုတ်အောင်ဖြုတ်နေသော

အပြစ်မဲ့ပြည်သူ့ များ၏အရိုးပုံ ကို ပလ္လင်လုပ်၍ ဘုရင်လုပ်လိုသော

အာဏာရူး ဘုရင်ရူး သန်းရွှေနှင့် အပေါင်းအပါများသည် မကြာမီ သူတို့ ၏ဒဏ်ကိုနှစ်ပေါင်း
များစွာလူးလှိမ့်ခံစားခဲ့ရသော အပြစ်မဲ့ မြန်မာပြည်သူအပေါင်းကို
အသက်ပေး၍ အကြွေးဆပ်ရန် အချိန်လုံးဝနီးကပ်နေပြီဖြစ်ပါ၍ ပြည်သူအပေါင်းဝမ်းသာအားရ နားစွင့်ထားကြပါရန် သတင်းကောင်းပေးအပ်ပါသည်။

အမှန်တရားနှင့် တရားမျှတမှု ဟူသည် ဤကမ္ဘာပေါ်ရှိ အလှဆုံး အရာဖြစ်ပြီး
မည်သည့်အရာမျိုးနှင့်မျှ အရှည်သဖြင့် ဖုံးအုပ်ကွယ်ဝှက်ထား၍ မရပေ။

မြန်မာစစ်အစိုးရ အနေဖြင့် ပြည်သူများအပေါ် အကြွေးပေးဆပ်ရန် အချိန်ကျလေပြီ။

Thursday 15 May 2008

ဓါးသွေးထားကြ အားမွေးထားကြ

ပြည်တွင်းပြည်ပက အကူအညီတွေ ရနေ ရောက်နေရက်နဲ့ အမျိုးယုတ်ပြိတ္တာတွေကြောင့်ငါတို့  ပြည်သူတွေမသေသင့်ဘဲ သေရ၊ မငတ်သင့်ဘဲငတ်ရ ၊ မတောင်းစားချင်ဘဲ တောင်းစားနေရတဲ့အတွက်ကြောင့်
ပြည်သူတွေကို သူတောင်းစားဘ၀ကိုရောက်အောင်လုပ်တဲ့လူယုတ်မာအစိုးရ

ပြည်တွင်းကကူညီသူတွေကို တားပြီး
ပြည်ပကလာတဲ့အကူအညီတွေကို အရှက်မရှိဖြတ်စားတဲ့ အရှက်မရှိတဲ့ ငတ်ချီးကျ ဘိုငတ်ကြီးတွေကြီးစိုးတဲ့အရူးအစိုးရ

လူသတ်သမားအစိုးရ

သေသူဆီကတောင် လုယူတဲ့ အစိုးရ

ပြည်သူတွေအတွက်လှူထားတာကို ခိုးစားတဲ့ သူခိုးအစိုးရ

ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကနေတောင် ဓါးမြတိုက်တဲ့ ဓါးမြအစိုးရ

လက်နက်အားကိုးနဲ့  သောင်းကျန်းရဲ့ တဲ့သောင်းကျန်းသူ အစိုးရ

ပြည်သူကိုရော ကမ္ဘာကိုပါ ပြောင်လိမ်တဲ့ လူလိမ်အစိုးရ

လူမဆန်တဲ့လုပ်ရပ်တွေ အမြဲလုပ်နေတဲ့ လူယုတ်မာအစိုးရ

ငတ်ချီးကျလွန်းတဲ့ ဗိုလ်ငတ်ကြီးတွေ အုပ်ချုပ်နေတဲ့ ငတ်ချီးကျအစိုးရ

ဘုရားကလည်းခွင့်မလွှတ်၊ ကမ္ဘာကလည်းခွင့်မလွှတ်၊ မြန်မာကလည်းခွင့်မလွှတ် လူမှန်သမျှ ဘယ်လိုလူမှခွင့်မလွှတ်နိုင်တဲ့ အမိုက်ရိုင်းဆုံး လုပ်ရပ်ကို လုပ်နေတဲ့ ဒီအရူးအစိုးရကို အမြစ်ပါမကျန်အောင်သုတ်သင် ရှင်းလင်းသုတ်သင်ဖို့  အချိန်ကျပြီ။

အားမွေးထားကြ ၊ ဓါးသွေးထားကြ။

ရ ရာဓါးနဲ့  နီးစပ်ရာ ဖက်ဆစ်အစိုးရနဲ့  သူမွေးထားတဲ့ ခွေးဝဲစား ကြံ့ ဖွံ့ ၊ စွမ်းအားရှင်နဲ့  ရယကများကို ခုတ်သတ်ကြ ချေမှုန်းကြ။