Friday 23 May 2008

ဓါးသွေးရင်း အားမွေးကြပါစို့ 

ရိုးသားပြီး အပြစ်မဲ့တဲ့ မြန်မာပြည်သူများအပေါ်
အမှန်တရား ရယ် တရားမျှတမှုရယ် လူသားအသည်းနှလုံးရှိတဲ့  ကမ္ဘာပေါ်ရှိ လူသားများရယ်က
အမြန်ဆုံးစောင့်ရှောက်နိုင်ကြပါစေ။

အပြစ်မဲ့တဲ့ မိဘမဲ့ကလေးများ စစ်မှန် နွေးထွေးလုံခြုံတဲ့ စောင့်ရှောက်မှုအောက်ကို အမြန်ဆုံးရောက်ရှိပါစေ။

ယုတ်မာရက်စက်လွန်းတဲ့ ကိုယ့်လူမျိုး ကိုယ်ပြန်သတ်တဲ့ အာဏာရူးစစ်အစိုးရနဲ့ အပေါင်းအပါများ စစ်ခုံရုံးမှာ
အမြန်ဆုံးတရားစီရင်ခံရပါစေ။

ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ် စေတနာ့ဝန်ထမ်းပြီး ဒုက္ခရောက်ပြည်သူတွေဆီ အရောက်သွားကူညီနေသောလူပီသသူများနဲ့ 
တတ်နိုင်သမျှ လှူဒါန်းပေးကမ်းထောက်ပံ့နေသူများ
စစ်အစိုးရရဲ့ ယုတ်မာမှုကို ရသမျှ နည်းလမ်းနဲ့ ဖော်ထုတ် တိုက်ပွဲဝင်နေသူများကိုလည်း
အမှန်တရားနဲ့ သူတော်ကောင်းအပေါင်းရဲ့ စောင့်ရှောက်မှုကိုရရှိပြီး
ဆက်လက်အောင်မြင်စွာနဲ့  အများအကျိုး သည်ပိုးဆောင်ရွက်နိုင်ကြပါစေ။

အခုအချိန်ကစပြီး လူယုတ်မာတွေကို အပြီးအပြတ်တိုက်ထုတ်ဖို့  လက်တဖက်ကဓါးသွေးရင်း
ကျန်လက်တဖက်ကလည်း အပြစ်မဲ့ ပြည်သူတွေကို တတ်နိုင်သမျှ ကယ်တင်ဖို့  အားမွေးကြပါစို့ ။

No comments: