Sunday 15 June 2008

ဆုတောင်း ဆန္ဒ

လူ့ အသိ လူ့ စိတ် လူ့ နှလုံး ဘယ်လိုမှမရှိတဲ့ လူမဆန်တဲ့ မင်းဆိုးမင်းညစ်တွေအကြောင်းကိုကြားရမြင်ရတိုင်းဒေါသထွက်ရလွန်းလို သူတိုအကြောင်းကိုကြားလည်းမကြားချင်တော့ဘူး။
ရေးလည်းမရေးချင်တော့ဘူး။

ဒုက္ခရောက်သွားတဲ့ကိုယ့်နိုင်ငံသားတွေအပေါ်မှာပဲ နေ့ စဉ်နဲ့ အမျှ ခံစားနေရတဲ့သောကတွေ ဒုက္ခတွေကနေအမြန်ချုပ်ငြိမ်းစေဖို့ ဆုတောင်းပေးနေမိတယ်။

ပြီးတော့ဒီဒုက္ခသည်တွေအပေါ်မှာ လိုအပ်တာတွေကိုကူညီဖို့ ဆိုတာ ခဏနဲ့ ပြီးသွားမယ့်ကိစ္စမဟုတ်တဲ့အတွက်ကြောင့် အရှည်သဖြင့်ဘယ်လိုနဲ့  ဘာတွေဆက်ကူညီသွားရမယ်ဆိုတာကိုပဲစဉ်းစား စီစဉ်ဆောင်ရွက်သွားတာအကောင်းဆုံးပဲလို့ စိတ်ဆုံးဖြတ်လိုက်တော့တယ်။

သေဆုံးသွားသူတွေလည်း ဘ၀အဆက်ဆက် ဒီအဖြစ်ဆိုးတွေကနေကင်းဝေးပါစေ။

ဘ၀အဆက်ဆက် ဒီလိုမင်းဆိုးမင်းညစ်တွေနဲ့ ဝေးပါစေ။

အသက်ရှင်ကျန်ရစ်သူတွေလည်း သူတော်ကောင်း လူစိတ်ရှိသူတွေရဲ့ ဖေးမကူညီစောင့်ရှောက်မှုတွေရရှိပြီး
ငြိမ်းချမ်းတည်ငြိမ်တဲ့ ဘ၀လေးတွေကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ကြပါစေ။

No comments: