Friday 22 February 2008

ဘယ်လိုလူဖြစ်ချင်လဲ

ကိုယ်ကကိုယ့်ပတ်ဝန်းကျင်မှာဘယ်လိုလူလဲ။ဥပမာကိုယ့်ပတ်ဝန်းကျင်ကရေကန်ဆိုရင်ရေကန်ရဲ့ တည်ငြိမ်
မှုအေးချမ်းမှုကိုပိုမိုတင့်တယ်လှပစေတဲ့ကြာပန်းလိုလူလား။ဒါမှမဟုတ်အဲဒီလှပမှုကိုဖျက်ဆီးမယ့်အမှိုက်တစ်
စလား။စဉ်းစားဖို့ လိုလာပြီ။
ကြာပန်းဆိုတာရေပြင်ရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာကနေရေမျက်နှာပြင်အထိရောက်အောင်တက်လာပြီးရေပြင်
ရဲ့ လှပတင့်တယ်မှုကိုဖြည့်ဆည်းပေးတဲ့ပန်းကလေး၊အဲဒီပန်းကလေးမှာဇွဲ၊သတ္တိ၊ရဲရင့်မှု၊တည်ငြိမ်မှု၊အေးချမ်းမှု၊
ကျက်သရေရှိမှုဆိုတဲ့အလှတရားတွေရှိနေပါတယ်။
ဒါ့ကြောင့်ကြာပန်းလေးကိုအားကျပြီးကြာပန်းလိုလူပဲဖြစ်ချင်ပါတယ်၊လောကကြီးမှာလည်းကြာပန်းလိုလူသား
တွေများလာစေချင်ပါတယ်။ဘ၀တိုတိုလေးမှာလူ့ လောက၀န်းကျင်ကိုတန်ဘိုးလျော့အောင်ဒုက္ခရောက်အောင်
လုပ်မယ့်အမှိုက်တစ်စလည်းမဖြစ်ချင်သလို၊အမှိုက်လိုလူတွေလည်းများမလာစေချင်ပါဘူး။
အမှိုက်နဲ့ အမှိုက်ပေါင်းရင်အမှိုက်ပဲဖြစ်လာမှာပါ၊ပိုများလာတဲ့အမှိုက်ကြောင့်တော့ပတ်ဝန်းကျင်ကိုပိုပြီးတင့်
တယ်လာစရာအကြောင်းမရှိပါဘူး။
ကြာပန်းလေးတွေကသာပွင့်ရေများလာလေရေကန်ရဲ့ လှပမှုကိုပိုတိုးလာစေလေပါပဲ။
ဒါ့ကြောင့်ကြာပန်းလိုလူတွေပိုပြီးများလာပါစေ၊အမှိုက်လိုလူတွေအမြန်ဆုံးရှင်းသွားပါစေလို့ ဆန္ဒပြုလိုက်ပါ
တယ်။

တစ်ကိုယ်ကောင်းစိတ်

လောကကြီးမှာတစ်ကိုယ်ကောင်းဆန်တဲ့သူတွေ၊ကိုယ်တာဝန်ကိုယ်မကျေတဲ့သူတွေများလာလေလေ၊
လူလောကမှာအခက်အခဲနဲ့ မမျှတမှုတွေများလာလေလေ။

လိုတယ်

  • ကျောင်းပိတ်ထားပေမယ့်ခေါင်းပိတ်မထားဖို့ လိုတယ်။
  • မီးမှောင်နေပေမယ့်အသိမှောင်မနေဖို့ လိုတယ်။
  • သူများကပိတ်ဆို့ ထားပေမယ့်ကိုယ်ဟာကိုယ်ပိတ်ဆို့ မထားမိဖို့ လိုတယ်။
  • လူထောင်ကျနေပေမယ့်စိတ်ထောင်မကျနေဖို့ လိုတယ်။
  • လူချမ်းသာဖို့ ထက်အသိတရားချမ်းသာဖို့ လိုတယ်။
  • အောင်မြင်ချင်ရင်ညီညွတ်ဖို့ လိုတယ်။
  • ညီညာမှပြည်သာမယ်။

Thursday 21 February 2008

ထင်တိုင်းကြဲသူဒုက္ခထူ

တစ်လောကလုံးမှာပဲဖြစ်ဖြစ်၊နိုင်ငံတစ်နိုင်ငံမှာပဲဖြစ်ဖြစ်၊မိသားစုတစ်စုမှာပဲဖြစ်ဖြစ်၊အမှန်လည်းမမြင်အမြင်လည်းမမှန်
ပဲထင်တိုင်းကြဲတတ်သူတစ်ယောက်ရှိနေရင်အဲဒီလောကအဲဒီနိုင်ငံအဲဒီမိသားစုဒုက္ခရောက်တော့၊ဆင်းရဲချွတ်ခြုံကျတော့
ငိုကြွေးရတော့တာပဲ။
ထင်တိုင်းကြဲတတ်သူဟာသူကိုယ်တိုင်လည်းမကောင်းတာလုပ်သလို၊သူများကိုလည်းမကောင်းလုပ်ဖို့ ပဲအားပေး
တိုက်တွန်းတတ်ကြပါတယ်။
ထင်တိုင်းကြဲတတ်သူတွေဟာသူတို့ ရဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်ကြောင့်သူကိုယ်တိုင်လည်းဒုက္ခရောက်သလို၊သူတစ်ပါး
ကိုလည်းဒုက္ခပေးတတ်ကြပါတယ်။
ထင်တိုင်းမကြဲတဲ့သူတွေရှိတဲ့အရပ်ဟာမင်္ဂလာရှိတဲ့အရပ်၊ထင်တိုင်းမကြဲတဲ့သူတွေနဲ့ပေါင်းဖော်ရတာလည်း
မင်္ဂလာတစ်ပါးပါ။
ထင်တိုင်းကြဲတတ်သူတွေရဲ့ အဆုံးသတ်နဲ့ လားရာကတော့ကျရှူံးခြင်းနဲ့ ငရဲဘုံပါ။
(နာယူမိသောတရားတစ်ပုဒ်ကိုမျှဝေပါသည်။)

Wednesday 20 February 2008

ဆွေးနွေးခြင်း

ဆွေးနွေးခြင်းသည်အတ္တမာနများအပြိုင်နွှဲသည့်တိုက်ပွဲတစ်ခုမဖြစ်သင့်ပါ။ပြဿနာတစ်၇ပ်အတွက်အဖြေ၇ှာဖို့ ၇ိုး
သားစစ်မှန်သောအားထုတ်မှုတစ်၇ပ်သာဖြစ်သင့်ပါသည်။

တ၇ား

တ၇ားဆိုတာတ၇ားသဖြင့်ပြောတာ၊လုပ်တာ၊စိတ်ကူးတာမှန်သမျှ တ၇ားပါပဲ။

ဆင်း၇ဲခြင်း

တစ်ချိန်လုံးစဉ်းစားမိနေတဲ့ခေါင်းစဉ်ကဆင်း၇ဲခြင်း(poverty)ပဲ။

Tuesday 19 February 2008

PEACE

Peace cannot be kept by force. It can only be achieved by understanding. ( ALBERT ELNSTEIN)

Risk

The person who risks nothing does nothings, has nothing, and becomes nothing.

Monday 18 February 2008

မှန်ကန်ချက်လေးများ

အကြားအမြင်များတဲ့ လူတွေက၊ အမြဲဒုက္ခရောက်ရတတ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတပါးကိုအမြဲရှင်းပြချင်လို့။

ပညာရှိတွေက အမြဲဘေးတွေ့တတ်တယ်၊

ဘာဖြစ်လို့လဲဆိုတော့ သူတပါးရဲ့ အမှားတွေကို ဖော်ထုတ်ရလို့။


ဖြစ်ချင်တဲ့ဆန္ဒ + လုပ်မည်ဆိုတဲ့စိတ်ဓာတ် = အောင်မြင်မှု


Sunday 17 February 2008

သတ္တိ

သတ္တိဆိုတာ တိုက်ရဲခိုက်ရဲတာကို ပြောတာမဟုတ်ဘူး၊

စွန့်လွှတ်သင့်တာကို ပြတ်ပြတ်သားသား စွှန့်လွှတ်ရဲတာ၊

ရယူသင့်တာကို ပြတ်ပြတ်သားသား ရယူရဲတာ၊

ကိုယ်မှန်ကန်တယ်လို့ ယုံကြည်ပြီး ချမှတ်ထားတဲ့ လမ်းအတိုင်း တည့်တည့်လျှောက်ရဲတာ၊

အဲ ဒီလို ရှေ့ဆက်လျှောက်ရင်း တွေ့ကြုံလာရမယ့် အခက်အခဲတွေ ဒုက္ခတွေ ပင်ပန်းဆင်းရဲ ခြင်းတွေ စတဲ့လောကဓံတွေကို ကြံ့ကြံ့ခံ ၇င်ဆိုင်ပြီး သေလောက်တဲ့ အခက်အခဲ ဒုက္ခတွေနဲ့ မည်သို့ပင်ရင်ဆိုင် တွေ့ပါစေ၊ ရဲဝံ့ ခိုင်မာ ပြတ်သားတဲ့ စိတ်ဓာတ်တွေနဲ့ တစ်လက်မ မှမယိမ်းယိုင်ပဲ၊ ဖြောင့်ဖြောင့်ဆက်လျှောက်ပြီး၊ ပန်းတိုင် အထိအရောက်သွားနိုင်တာ အရောက်သွားရဲတာကို သတ္တိလို့ ခေါ်တယ်။

လမ်းမှာ ကြုံတွေ့ရမယ့် အခက်အခဲဒုက္ခတွေကို သည်းခံပြီး ရဲဝံ့စွာနဲ့ ဖြတ်သန်းလျှောက်လှမ်း နိုင်ခဲ့မယ်ဆိုရင်၊ ပန်းတိုင်ရောက်တဲ့အခါမှာ ကိုယ်ရရှိမယ့် ဆုလာဘ်တွေက ပျော်ရွှင်ခြင်း၊ ကျေနပ်ခြင်း၊ ဂုဏ်ယူခြင်း၊ ငြိမ်းချမ်းခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု ပိုတိုးလာခြင်း၊ ဆိုတဲ့ အရာတွေပဲ။ ကဲ သည်းခံပြီးလျှောက်လိုက်စမ်းပါ၊ ရှေ့မှာ ကိုယ့်ရဲ့

သတ္တိအတွက် ချီးမြှင့်မယ့် ဆုတွေရှိနေတယ်။