Saturday 1 March 2008

ဆန္ဒ

ဒီကမ္ဘာမြေပေါ်မှာ …..
ရက်စက်မှုမှန်သမျှ အမြန်ဆုံးချုပ်ငြိမ်းပါစေ။
အမှန်တရားတို့ အမြန်လင်းလက်ပါစေ။
လွတ်လပ်မှုတို့  ပန်းလိုပွင့် ပါစေ။
ငြိမ်းချမ်းမှုတို့  စမ်းချောင်းလေးလိုစီးဆင်းပါစေ။
ကလေးတို့ ဘ၀ လုံခြုံဝမ်းဝ ပျော်ရွှင်ပါစေ။
သက်ကြီးရွယ်အိုတွေရဲ့ ဘ၀ ဆည်းဆာချိန်မှာလှပပါစေ။
အမျိုးသမီးတွေရဲ့ ဘ၀ လုံခြုံစိတ်ချ သာတူညီမျှဘ၀ရကြပါစေ။
မေတ္တာတရား ကိုယ်ချင်းစာတရား လက်ကိုင်ထားတဲ့ လူပီသတဲ့ လူသားများ ဒီကမ္ဘာမြေမှာ ပန်းတွေလိုပွင့်
ကြယ်တွေလိုလင်းလက် လရောင်လိုအေးမြစွာနဲ့ ပေါ်ထွန်းလာပါစေ။

Wednesday 27 February 2008

သံကြိုးချစ်သူများ

သူတို့ ကိုချည်ထားတဲ့သံကြိုးတွေကိုချစ်နေတဲ့လူမိုက်တွေကိုလွတ်လပ်အောင်လုပ်ပေးဖို့ ခက်ပါတယ်။
သံကြိုးအချည်ခံပြီးလွတ်လပ်မှုကိုရောင်းစားနေတဲ့သူတွေရှိနေသရွေ့ ၊လွတ်လပ်ချင်လို့  ကြိုးစားနေတဲ့သူတွေကတွေကတော့ ဒုက္ခအပေးခံနေရဦးမှာပဲ။

လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုအတွက်

အသက်နဲ့ အရင်းခံထားရတဲ့ခြိမ်းခြောက်မှုတွေ၊ဘ၀နဲ့ အရင်းခံထားရတဲ့ခြိမ်းခြောက်မှုတွေရှိနေပြီဆိုရင်ဒါဟာ
လွပ်လပ်မှုနဲ့ ငြိမ်းချမ်းမှုပျောက်ဆုံးနေတာကိုဖော်ပြနေတာပဲ။
အဲဒီခြိမ်းခြောက်မှုတွေရဲ့ အောက်မှာ….
မတရားတာကိုမတရားတဲ့အကြောင်း
မလုပ်နိုင်တာကိုမလုပ်နိုင်တဲ့အကြောင်း
မကြိုက်တာကိုမကြိုက်တဲ့အကြောင်း
မှားနေတာကိုမှားနေတဲ့အကြောင်း
လွဲနေတာကိုလွဲနေတဲ့အကြောင်း
အဲဒီအကြောင်းလေးတွေကိုအမှန်ကိုအမှန်အတိုင်း၊အရှိကိုအရှိအတိုင်းပြောခွင့်၊ပြခွင့်၊ရေးခွင့်၊ငြင်းခွင့်၊လုပ်ခွင့်ဆိုတဲ့အခွင့်အရေးတွေ၊ငြိမ်းချမ်းမှုတွေ၊လွတ်လပ်မှုတွေအားလုံးဆုံးရှုံးနေတဲ့ဘ၀ကြီးမှာ….
လွတ်လပ်မှုကိုအဆုံးရှုံးခံမလား..
လွတ်လပ်မှုအတွက်တိုက်ပွဲဝင်မလား…
သေမှလွတ်လပ်မှာလား….
တိုက်မှလွတ်လပ်မှာလား…
ဒီလိုနဲ့ ပဲပြီးသွားမှာလား….
အချိန်မရှိတော့ဘူး၊မြန်မြန်စဉ်းစား…စဉ်းစား….စဉ်းစား

Tuesday 26 February 2008

ခေါင်းဆောင်ကောင်းဆိုတာ

နိုင်ငံ့ခေါင်းဆောင်ကောင်းဆိုတာ
နိုင်ငံ့ခေါင်းဆောင်ဆိုတဲ့အာဏာကိုယူထားပြီးကိုယ့်အတွက်အသုံးချနေမယ်ဆိုရင်ခေါင်းဆောင်ကောင်းမဟုတ်ဘူး။နိုင်ငံ့ခေါင်းဆောင်ကောင်းဆိုတာကိုယ့်တိုင်းသူပြည်သားတွေအတွက်နိုင်ငံ
ရေးး၊စီးပွားရေး၊လူမှုရေး၊ကျန်းမာရေးလိုအပ်တာအကုန်ဖြည့်ဆည်းပြင်ဆင်စဉ်းစားပေးနိုင်ရမယ်
”မင်း”ဆိုတာလူတွေကိုနှစ်သက်သဘောကျအောင်လုပ်တတ်လို့  ”မင်း”လို့ ခေါ်တာ
မင်းကျင့်တရား(၁၀)ပါးဆိုတာ…..
(၁)၀န်ထမ်းတွေကိုလောက်ငတဲ့လုပ်ခလစာပေးရတယ်။(မပေးရင်မလောက်တော့လောက်
အောင်မရရတဲ့နည်းနဲ့ရှာကြတဲ့အခါမှာကိုယ်ကျင့်တရားတွေပျက်လာကြကုန်ရော။လစာတွေတိုးပေးထားတယ်ဆိုပေမယ့်အဲဒီလစာဟာတက်နေတဲ့ကုန်ဈေးနှူန်းနဲ့ ငွေကြေးဖောင်းပွမှုကိုကာမိရဲ့ လားစဉ်းစားပေးကြပါဦး။)
(၂)မင်းဆိုတာကိုယ့်မှာရှိတဲ့ပစ္စည်းဥစ္စာနဲ့ အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာဖြည့် ဆည်းစွန့် ကြဲနိုင်ရမယ်။
(ပြည်သူတွေဆီကနေအခွန်အတုတ်တွေမတရားကောက်ခံ၊အတင်းဖိအားပေးပြီးအလှူငွေထည့်ခိုင်းပြီးလမ်းခင်း၊ဘုရားတည်၊ကျောင်းဆောက်၊ဖွင့်ပွဲနေ့ကျမှကြော့ကြော့လေးရောက်လာ၊ဖဲကြိုးလေးဖြတ်၊လက်လေးပြ၊နာမည်လေးဝင်ယူ၊ဒီလိုလုပ်တာကတော့သူကြီးဘုရားရွာသားကောင်းမှု ပဲဖြစ်တော့မှာပေါ့။)
(၃)ခေါင်းဆောင်ဆိုတာဖြောင့်မတ်ရိုးသား၊ကတိသစ္စာတည်ကြည်ရတယ်။(မင်းမှာသစ္စာ၊လူမှာကတိတဲ့၊ပေးထားတဲ့ကတိအတိုင်းလုပ်ပေးရတယ်။မလုပ်ပေးနိုင်တဲ့ကတိမျိုးမပေးရဘူး၊ပေးထားတဲ့ကတိပျက်ရင်အဲဒီလူကိုဘယ်သူမှမယုံတော့ဘူး၊ကတိပျက်ရင်နာမည်ပျက်၊နာမည်ပျက်တယ်ဆိုတာနာမည်သေတာ၊နာမည်သေရင်ဘ၀ပါသေတာပဲ။)
(၄)ခေါင်းဆောင်ဆိုတာနူးညံ့သိမ်မွေ့ ရတယ်၊မာန်မာနကင်းပြီး၊ပြသနာကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့  ပြေလည်အောင်ဖြေရှင်းနိုင်တဲ့သူဖြစ်ရမယ်။
(၅)ခေါင်းဆောင်ဆိုတာကိုယ်ကျင့်တရားနဲ့ပြည့်စုံရတယ်။ကိုယ်တိုင်ကပြည့်စုံမှလက်အောက်
ငယ်သားတွေကိုဆုံးမလို့ ရမယ်။ခေါင်းဆောင်ကခိုးရဲလိမ်ရဲရင်နောက်လိုက်ကလည်းခိုးရဲလိမ်
ရဲလာမယ်။ခေါင်းဆောင်ညံ့ရင်နောက်လိုက်ညံ့မှာပဲ။
(၆)ခေါင်းဆောင်ဆိုတာထိုက်သင့်တဲ့ကိုယ်ကျင့်တရားနဲ့ ပြည့်စုံရတယ်။ထိုက်သင့်တဲ့ကိုယ်ကျင့်
တရားကိုကျင့်ကြံနိုင်ရမယ်။
(၇)ခေါင်းဆောင်ဆိုတာဒေါသနည်းရတယ်၊ပြသနာဖြေရှင်းတဲ့နေရာမှာဒေါသနဲ့ မဖြေရှင်းရဘူး။
(၈)ခေါင်းဆောင်ဆိုတာတိုင်းသူပြည်သားတွေအပေါ်မှာဆင်းရဲအောင်မလုပ်ရဘူး။(ခေါင်း
ဆောင်ကောင်းမဟုတ်တဲ့သူဟာဘယ်လိုနည်းလမ်းနဲ့ ဆင်းရဲအောင်လုပ်ရမလဲ၊ဘယ်လိုညစ်
ပတ်လိုက်ရမလဲအမြဲစဉ်းစားကြံစည်တယ်။
(၉)ခေါင်းဆောင်ကောင်းဆိုတာသည်းခံနိုင်စွမ်းအားနဲ့ ပြည့်စုံရတယ်။
(၁၀)ခေါင်းဆောင်ကောင်းဆိုတာတိုင်းသူပြည်သားတွေဖြစ်ချင်တဲ့အလိုဆန္ဒနဲ့ မဆန့် ကျင်ရ
ဘူး၊တတ်နိုင်သမျှဖြစ်အောင်လုပ်ပေးရတယ်။

ရည်မှန်းချက်ရောက်ဖို့ ဆိုရင်

စိတ်ခံစားမှုနှင့်စိတ်အလိုလိုက်မှုတို့ အပေါ်တွင်အသိပညာနှင့်ဆင်ခြင်တုံတရားတို့ အုပ်စီးကာပန်းတိုင်ကို
ကောင်းစွာသဘောပေါက်နားလည်တတ်လျှင်ရည်မှန်းချက်ပေါက်မြောက်အောင်မြင်ပါလိမ့်မည်။

Monday 25 February 2008

လိုချင်လေပူလောင်လေ

ကိုယ်ပိုင်တယ်ထင်တဲ့ကိုယ့် ခန္ဓာတောင်ဒီဘ၀အတွက်အငှားရထားတာပါ။
ကိုယ့်ကိုကိုယ်တောင်မပိုင်တဲ့ဘ၀တိုတိုလေးမှာသူများကိုပိုင်ဆိုင်ချင်တာ၊အောင်မြင်မှုကိုပိုင်ဆိုင်ချင်တာ၊
ရာထူးကိုပိုင်ဆိုင်ချင်တာ၊အာဏာကိုပိုင်ဆိုင်ချင်တာ၊အဲဒီအရာတွေပိုင်ဆိုင်ဖို့ အတွက်ကြိုးစားတယ်ဆိုတဲ့
နေရာမှာတရားမျှတတဲ့ကြိုးစားမှုနဲ့ မဟုတ်ပဲ၊မတရားမမျှတတဲ့နည်းနဲ့ ကြိုးစားရယူတာ။
ရယူဖို့ ကြိုးစားနေချိန်မှာလည်းမရမှာစိုးလို့ ပူလောင်ရသလို၊ရလာပြန်တော့လည်းဆက်မြဲနေဖို့ အတွက်ရယ်
မြဲမှမြဲပါ့ မလားဆိုတဲ့စိတ်နဲ့ ကြိုးစားရလေပူလောင်လေ။
ဘာမှမမြဲတဲ့လောကကြီးမှာဘာမှမပိုင်ဆိုင်ချင်လေဘာမှမပူပင်ရလေ။

စဉ်းစားစရာ

တရားဆိုတာတရားသဖြင့်ပြောတာ၊လုပ်တာ၊ရေးတာမှန်သမျှတရားပါပဲ။
တစ်ချို့ ကတရားသိပြီးတရားမရှိဘူး။
တစ်ချို့ ကတရားမသိပေမယ့်တရားရှိတယ်။
တစ်ချို့ ကတရားကိုသိလည်းမသိဘူး၊တရားလည်းမရှိဘူး။
ကိုယ်ကဘယ်အထဲပါနေပါလိမ့်။
သူတို့ ကရောဘယ်အထဲပါနေပါလိမ့်။

Sunday 24 February 2008

ကိုယ်ချင်းစာကြည့်ပါ

ကိုယ်ကချစ်ရသူတစ်ယောက်နဲ့ ကွေကွင်းနေချိန်မှာချစ်ရသူအားလုံးနဲ့ ကွေကွင်းနေရတဲ့သူတွေရှိနေတယ်။
ကိုယ်ကချစ်သူကိုပိုင်ဆိုင်ခွင့်မရလို့ ကြေကွဲနေချိန်မှာရှိစုမဲ့စုပိုင်ဆိုင်တာလေးတွေအားလုံးကိုမတရားသဖြင့်ဖိ
အားပေးမှုကြောင့်စွန့် ခွါစွန့် လွှတ်လိုက်ရတဲ့သူတွေရှိနေတယ်။
ကိုယ်ကဒါမစားချင်ဘူး၊ဒါမကြိုက်ဘူးလိုရွေးချယ်နေချိန်မှာ၊ဘာမှစားစရာမရှိ၊ဘာမှရွေးချယ်စရာမရှိ၊ဘာမှရွေး
ချယ်ခွင့်မရှိတဲ့သူတွေရှိနေတယ်။
ကိုယ်ကဒီစောင်ဒီအိပ်ရာခင်းကိုမကြိုက်ဘူးလို့ ရွေးချယ်နေချိန်မှာ၊ကိုယ်ကျောကုံးကိုယ်အိပ်ရာလုပ်ပြီးမြေကြီး
မှာအိပ်နေရတဲ့သူတွေရှိနေတယ်။
ကိုယ်ကဒီအ၀တ်မကြိုက်ဘူး၊ဒီဒီဇိုင်းမကြိုက်ဘူးလို့ ရွေးချယ်နေချိန်မှာအရှက်လုံရုံနဲ့ ရာသီဥတုဒဏ်ခံဖို့ တောင်
မ၀တ်နိုင်တဲ့သူတွေရှိနေတယ်။
ကိုယ်ကဒီကျောင်းဒီကျူရှင်ကိုမတက်ချင်ပါဘူး၊ဟိုကျောင်းဟိုကျူရှင်မှလို့ ရွေးချယ်နေချိန်မှာ၊ဘာမှရွေးချယ်ခွင့်
မရှိလို့ ၊ဘယ်လိုမှမတတ်နိုင်လို့ ၊ဘယ်မှာမှမတက်ရမတက်နိုင်တဲ့သူတွေရှိနေတယ်။
ကိုယ်ကဘာမဟုတ်တဲ့ရောဂါလေးအတွက်ဟိုဆေးခန်းနဲ့ မှဒီအထူးကုနဲ့ မှလို့ ဇာချဲ့ နေချိန်မှာလမ်းဘေးဆေး
ဆိုင်ကဆေးတောင်ဝယ်မသောက်နိုင်တဲ့သူတွေရှိနေတယ်။
ကိုယ်ကအမျိုးဂုဏ်၊ပါဝါဂုဏ်နဲ့ မောက်မာပြီး၊ထင်တိုင်းကြဲထင်တိုင်းသွားပြီးဘာအန္တရာယ်မှမှုစရာမလိုတဲ့အချိန်
မှာခြေလှမ်းတိုင်းကိုသောကတွေစိုးရိမ်မှုတွေနဲ့ လှမ်းနေရတဲ့သူတွေရှိနေတယ်။
ပြီးတော့ရှိနေသေးတယ်……ရှိနေသေးတယ်…….
အဲဒီတော့အများကြီးမဟုတ်ပါဘူး…အားလုံးအဆင်ပြေသွားအောင်
နည်းနည်းလေးဖြစ်ဖြစ်ကိုယ်ချင်းစာပေးရအောင်ပါ။
နည်းနည်းလေးဖြစ်ဖြစ်ကူညီရအောင်ပါ။
နည်းနည်းလေးဖြစ်ဖြစ်ရွှေ့ ပေးရအောင်ပါ။
နည်းနည်းလေးဖြစ်ဖြစ်နားလည်ပေးရအောင်ပါ။
နည်းနည်းလေးဖြစ်ဖြစ်အလျေှ့ာပေးရအောင်ပါ။
နည်းနည်းလေးဖြစ်ဖြစ်လိုက်လျောကြည့်ရအောင်ပါ။
ဒါဆိုပြန်ရလာမယ့်ရလာဒ်ကောင်းတွေကအများကြီးပါ။
သေချာတာကတော့ကမ္ဘာကြီးငြိမ်းချမ်းသွားမှာပါ။

တွယ်တာမိရင်

ကိုယ်ကဘာကိုတွယ်တာမိတာလဲ?
လူကိုတွယ်တာမိရင်အဲဒီလူမရှိတော့စိတ်ဆင်းရဲရ။
ငွေကိုတွယ်တာမိရင်အဲဒီငွေမရှိတော့စိတ်ဆင်းရဲရ။
ရာထူးကိုတွယ်တာမိရင်အဲဒီရာထူးမရှိတော့ရင်စိတ်ဆင်းရဲရ။
အာဏာကိုတွယ်တာမိရင်အဲဒီအာဏာမရှိတော့ရင်စိတ်ဆင်းရဲရ။
ဘာမှမတွယ်တာမိရင်ဘာမှစိတ်မဆင်းရဲရ။