Wednesday 5 March 2008

နှမ်းစေ့လေးတွေများစေချင်

ချစ်ခြင်းတို့  မေတ္တာတရားတို့  ယုံကြည်မှုတို့  ဆိုတာခြိမ်းခြောက်ပြီးအတင်းအကျပ်လုပ်ယူလို့ ရတဲ့အရာမဟုတ်
ပါဘူး။
ရိုးသားမှုမရှိပဲ အမှန်တရားကိုမသိနိုင်ပါဘူး။အမှန်တရားကိုမသိပဲ လွတ်လပ်မှုမရှိနိုင်ပါဘူး။
လူပီသတဲ့လူတိုင်းဟာ လွတ်လပ်မှုကိုတန်ဘိုးထားတယ်၊ သူများရဲ့ လွတ်လပ်မှုကိုလည်းတန်ဘိုးထားသလို၊
ကိုယ်ကိုတိုင်ရဲ့ လွတ်လပ်မှုကိုလည်းတန်ဘိုးထားတယ်။
အသိဉာဏ်နည်းတဲ့လူတွေဟာ လူအချင်းချင်းစိုးမိုးခြယ်လှယ်ဖို့ အတွက် လက်နက်န့ဲအာဏာကိုသုံးလေ့ရှိ
တယ်။
ကိုယ့်ဘ၀နဲ့ ပတ်သက်တာကိုသူများကို ဆုံးဖြတ်ခိုင်းတာဟာ ကိုယ့်ဘ၀ကို ကိုယ်တာဝန်မယူတာ၊ကိုယ့်ဘ၀က
ကိုယ့်မှာပဲတာဝန်ရှိတယ်၊ကိုယ့်ဘာသာပဲဆုံးဖြတ်ရမှာ။
မယုံသင့်တာကိုယုံ၊ မကြောက်သင့်တာကိုကြောက်နေရင် မဖြစ်သင့်တာတွေပဲဖြစ်လာအုံးမှာပဲ။
အမှားတွေ အလွဲတွေ မတရားတာတွေ ကိုမဖော်ထုတ်၊မထောက်ပြ၊မဆန့် ကျင်၊မကန့် ကွက်သရွေ့ ဒီလိုပဲဆက်
ပြီး မှားနေလွဲနေသွားနေအုံးမှာပဲ။ဒီအတိုင်းဆက်သွားနေရင် ဒီဆိုးကျိုးတွေကိုနောင်လာမယ့်မျိုးဆက်တွေလည်း
ဆက်ခံစားသွားရမှာ။အဲဒီအခါမှာ မှားမှားကြီးနဲ့ မတရားလုပ်သူရဲ့ အလွန်မဟုတ်တော့ပါဘူး၊အဲဒါကိုမထောက်ပြ
မဖော်ထုတ် မတားမြစ် မတွန်းလှန်သူရဲ့  အပြစ်ပဲဖြစ်တော့မှာပါ။
လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုဆိုတာ အင်မတန်အရသာရှိပြီအင်မတန်အဖိုးတန်တဲ့အရာပါ၊အလွယ်တကူတော့မရနိုင်
ပါဘူး၊လိုချင်လို့ ကြိုးစားရယူတဲ့သူသာထိုက်ထိုက်တန်တန်နဲ့ ရတဲ့အရာပါ။
လိုချင်ရင်ကြိုးစားရမှာပါ၊ တစ်ယောက်ထဲရဲ့ ကိစ္စမဟုတ်ပါဘူး၊တစ်မျိုးသားလုံးရဲ့ အရေးကိစ္စပါ၊သူများတွေလုပ်
ပါလေ့စေ ငါနဲ့ မဆိုင်ဘူး ရလာမှငါလည်းဝင်ပြီးခံစားပစ်လိုက်မယ်ဆိုရင် ကိုယ်တာဝန်မကျေတာဘယ်သူမှမသိ
လိုက်ပေမယ့် ကိုယ်ဟာကိုယ်တော့သိနေပါတယ်။
ဘာပဲဖြစ်ဖြစ်တတ်နိုင်တဲ့နေရာလေးကနေ ၀င်ပါရအောင်ပါ၊
နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမယ့် နှမ်းစေ့လေးတွေများလာရင်တော့ ဆီဖြစ်လာမှာပါ။
နှမ်းစေ့လေးတွေများလာပါစေ။