Monday 31 March 2008

ဘ၀ကိုဘယ်လိုဆက်လျှောက်မလဲ

အခုတလော ခံစားနေရတဲ့ စိတ်ဝေဒနာတွေကတော့အစုံပါပဲ။ကိုယ့်နိုင်ငံအတွက်လည်းပါသလို….ကိုယ်ကိုတိုင်အတွက်လည်းစိတ်တိုင်းမကျစွာနဲ့  ခံစားနေရတာတွေရှိနေပါတယ်။ ကိုယ့်နိုင်ငံအတွက်မချိတင်ကဲခံစားနေရတာတွေကိုတော့ မအောင့်နေနိုင်လို့  အစ်ကိုကြီးရဲ့ပန်းဥယျာဉ်ဘလော့မှာဒေါသပန်းတွေ တစ်ပွေ့ 
တစ်ပိုက်ကြီးစိုက်မိတယ်။
ကိုယ်ကိုတိုင်အတွက်…စိတ်တိုင်းမကျစွာနဲ့  ခံစားရတာတွေကိုတော့မီးပြတိုက်မှာပဲ ရေးလိုက်တော့တယ်။
ဒီတစ်ခါတော့ သူများကိုမီးမောင်းထိုးပြချင်တာထက်…ကိုယ့်ကိုကိုယ်သတိပေးမီး
မောင်းထိုးပြချင်တဲ့သဘောပါပဲ။
ဘ၀ကိုဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်မှာ..အမှားတွေနဲ့ 
ဖြတ်ခဲ့တာရှိသလို…ငါမှန်တာပဲဆိုပြီး…တစ်ဖက်သားကိုငဲ့ညှာဖို လုံးဝမစဉ်းစားခဲ့ ပဲ ဇွတ်ဖြတ်သန်းခဲ့တဲ့ဘ၀မှတ်တိုင်တွေလည်းရှိခဲ့ပါရဲ့။
အခုတော့..အသက်ကလေးလည်းနဲနဲရလာတော့…သူ့  ဘက်ကိုယ့်ဘက်…နှစ်ဘက်မျှပြီး စဉ်းစားတတ်လာတယ်။
အထူးသဖြင့်တော့..သူတစ်ဖက်သားကိုဗဟိုပြုပြီးစဉ်းစားပေးတတ်
လာတယ်။အဲဒါကပိုပြီးစိတ်ချမ်းသာမှုရလာသလိုပဲ။ဘ၀ဆိုတာတိုတို
လေးပါ၊ ကျန်တဲ့ အချိန်တိုတိုလေးမှာ ကိုယ်ကိုတိုင်လည်းစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ဖြတ်သန်းချင်သလို
သူများတွေကိုလည်းစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့  ဖြတ်သန်းစေချင်တယ်။
ဒါကြောင့် ဒီစာတိုလေးကိုရေးမိပါတယ်။

ကဲ….ဘ၀ကိုဘယ်လိုဖြတ်သန်းမလဲ
*ဘယ်အရာမှ မတည်မြဲ ….ဒါကြောင့် ဘာမှမက်မက်မောမောမစွဲလန်းနဲ့  မခံစားနဲ့ ။
ပစ္စုပန်ကိုပဲ တည့်တည့်ရှု….အတိတ်ကိုလည်းပြန်မစဉ်းစားနဲ့  တော့…..အနာဂါတ်ကိုလည်းမျှော်မကြည့်နဲ့ ။

*လောလောဆယ်မှာလုပ်နေတဲ့ အရာတွေကိုပဲ တတ်နှိုင်သမျှအကောင်းဆုံးဖြစ်အောင်လုပ်သွားပါ။
စိတ်ကိုတတ်နိုင်သမျှ ငြိမ်းချမ်းအောင်ထားပါ။

*ရိုးသား ကြိုးစား ၊ ဘ၀မှာရင်ဆိုင်ရသမျှ အေးချမ်းတည်ငြိမ်စွာ မှန်ကန်စွာနဲ့  ရင်ဆိုင်ဖြတ်သန်းနိုင်အောင်ကြိုးစား။

*ဘ၀တစ်ကွေ့ မှာခဏတွေ့ ရတဲ့သူတွေအပေါ်မှာ တတ်နိုင်သမျှ နားလည် ဖေးမ ကူညီ စောင့်ရှောက် လမ်းညွှန်ပေးလိုက်ပါ။

*ပညာ၊ ငွေ၊ အသိဉာဏ် တတ်နိုင်သမျှပေးလှူပါ။
လက်ရှိအနေအထား အခြေအနေကိုလက်ခံနိုင်ဖို့ ကြိုးစားပါ။
ကိုယ့်ကိုကိုယ်ရော သူများကိုပါခွင့်လွှတ်ပါ။

*၀င်ငွေမရှိပဲ မလိုအပ်ပဲ မကြိုက်ပဲ မ၀ယ်နဲ့ ။
ကိုယ့်ဝင်ငွေဘယ်ကလာလဲ…ဘယ်လောက်သုံးမလဲ….ဘယ်နေရာမှာသုံးမလဲ…..ဘယ်လောက်စုမလဲ။
ကိုယ့်ဝင်ငွေကို ကိုယ်တိုင်စနစ်တကျစီမံခန့် ခွဲပါ။
ငွေကို ကိုယ်ကမစီမံလျှင် ငွေကကိုယ့်ကိုစီမံသွားလိမ့်မည်။
ဝင်ငွေနဲ့ အသုံးစရိတ်ကြားသေချာစွာစီမံခန့် ခွဲပါ။
အကျိုးရှိရှိ သုံးပါ… လှူပါ….ရင်းနှီးမြုပ်နှံပါ။
တကယ်လိုအပ်နေတဲ့နေရာမှာ…ဖြည့်ဆည်းပါ….. ကိုယ်ကသူများကိုပဲဖြည့်ဖြည့်…သူများကကိုယ့်ကိုဖြည့်တာပဲဖြစ်ဖြစ်….တကယ်လိုလို့ ဖြည့်တာပဲဖြစ်ပါစေ။

အားရှိအောင်စားပါ….အားရှိအောင်နားပါ…..ပျော်စရာလေးတွေတွေးပါ…လုပ်ပါ။

ဘယ်သူမှကိုယ့်စိတ်တိုင်းကျမဖြစ်နိုင်တာကိုနားလည်ထားပါ။
အရာရာဟာ သူ့ သဘောသူဆောင်နေတယ်ဆိုတာနားလည်ထားပါ။

စိတ်ညစ်လာရင်… ပန်းချီဆွဲပါ…အရောင်အသစ်လေးတွေရအောင်စပ်ပါ…..ပန်းလေးတွေကိုကြည့်ပါ….
ကြောင်လေး..ခွေးလေး…ငှက်လေးတွေကိုကြည့်ပါ…အစာကျွေးပါ။ အစားအစာအသစ်အဆန်းလေးတွေလုပ်ကြည့်ပါ။
ဘာသာစကားအသစ်တစ်ခုကိုလေ့လာပါ။ ကလေးတွေနဲ့ ဆော့ပါ။

ဘ၀ကိုတန်ဘိုးထားပါ။ လူဆိုတာသေမျိုးပါ…တစ်နေ့ သေရမှာပါ….ဒါပေမယ့် အဓိပါယ်ရှိတဲ့သေချင်းမျိုးန့ဲ သေနိုင်ဖို့ ကြိုးစားပါ။

သေရဲတာနဲ့  ရှင်ရဲတာမှာ ရှင်ရဲတာမှ တကယ့်သတ္တိ ….အသက်ရှင်နေသေးတာဟာ လူသားတစ်ယောက်ရဲ့ ဇွဲ မာန်..သတ္တိ…န့ဲ ခံနိုင်ရည်ရှိမှုအတိုင်းအတာ….ဘယ်ထိကြီးမားတယ်၊စွမ်းအားရှိတယ်ဆိုတာ..ပြရာရောက်ပါတယ်။

လူဆိုတာ…တစ်ယောက်နဲ့ တစ်ယောက်…စိတ်ဓါတ်ချင်းထပ်တူကျတယ်ဆိုတာ ဘယ်မှာရှိပါ့မလဲ။
ဒါကိုနားလည်လက်ခံထားရင်….တစ်ယောက်နဲ့  တစ်ယောက်ကြားမှာ…..တတ်နိုင်သမျှနားလည်ခွင့်လွှတ်….ဖြည့်တွေးပေးလို့ ရတယ်။
မတတ်နိုင်တဲ့အဆုံးမှာတော့ ဥပေက္ခါပြုလိုက်ရုံပါပဲ။
လူသားအားလုံးကို ဘ၀တူတွေလို့ သဘောထားပြီးစာနာကြ….နားလည်ခွင့်လွှတ်ကြပါ။


သူမူကိုလည်းသွားပြီးမထိခိုက်နဲ့ …..ကိုယ့်မူကိုလည်းလာပြီးမထိခိုက်စေနဲ့ ။
သူ့ မူနဲ့ သူ…ကိုယ့်မူနဲ့ ကိုယ်နေရင်း…..ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ကြိုးစားကြပါ။

ဘ၀ဆိုတာတိုတိုလေးပါ…..သူများကိုငိုကြွေးအောင်လုပ်ဖို့ လည်းအချိန်မရှိသလို….သူများလုပ်သမျှငိုကြွေးနေဖို့ လည်းအချိန်မရှိပါဘူး။

တကယ်အကျိုးရှိတာတွေလုပ်မယ်ဆိုရင် လုပ်စရာတွေများလွန်းလို့ ….သေတဲ့ အထိလုပ်စရာ…လေ့လာစရာတွေကုန်မှာမဟုတ်ပါဘူး။

လူချင်းအတူတူ တစ်ယောက်န့ဲ တစ်ယောက်အနိုင်ကျင့်အနိုင်ယူစရာအကြောင်းလည်းမရှိသလို…အရှုံးပေးအလျှော့ပေးစရာအကြောင်းလည်းမရှိပါဘူး။

ကဲ…ဒီနေ့ ကစပြီးတန်ဘိုးရှိတဲ့ ဘ၀ကြီးကိုရထားတာ……တန်ဘိုးရှိတာလေးတွေတွေးရင်း လုပ်ရင်း…ပျော်ရွှင်စွာ
အဓိပါယ်ရှိစွာနဲ့ ဖြတ်သန်းရအောင်ပါ။