Saturday 8 August 2009

ငါအပါအ၀င်…ငါများစွာအတွက်

ငါအပါအ၀င်…ငါများစွာအတွက်
(ငါ့ ကိုယ်ငါ ခံစားရေးဖွဲ့ ဆုံးမခြင်း..သြဂုတ်လ ၉ ရက်နေ့ , ၂၀၀၉)
(၁) ငါ မျက်နှာတစ်ခုတည်းမို့ 
ငါ့အတွက်ပဲ ငါကြည့်နေသလား?
(၂) ငါ.. ခေါင်းတစ်လုံးထဲမို့ 
ငါ့ အကြောင်းပဲ ငါစဉ်းစားနေသလား?
(၃) ငါ.. လက်နှစ်ဖက်တည်းမို့ 
ငါ့ အတွက်ပဲ ငါ ယက်ယူနေမိလား?
(၄) ငါ.. ခြေနှစ်ချောင်းထဲမို့ 
ငါ့ အတွက်ပဲ ငါ သွားနေမိသလား?
(၅) ငါ.. ပါးစပ်တစ်ပေါက်ပဲ ပါလို့ 
ငါ့ အတွက်ပဲ စား ငါ့ အတွက်ပဲပြောပြီး
အများအတွက် ပြောပေးခဲ့ ဖူးလား?
(၆) ငါ.. မျက်လုံးနှစ်လုံးအသုံးပြုပြီး
ငါ့အတွက်သာငါကြည့်..သူများအမှားငါကြည့်ပြီး
ငါ့ အမှားငါ ဘယ်နှစ်ခါများကြည့်ဖူးပါလိမ့်?
(၇) ငါ.. နားနှစ်ဖက်ရှိနေတာတောင်
ငါ တစ်ဖက်နားနဲ့ သာ ဘယ်နှစ်ခါများနားထောင်
ဆုံးဖြတ်မိပါလိမ့် ?
(၈) ငါ.. နှစ်ခေါင်းနှစ်ပေါက်နဲ့  ကိုယ်ရှင်သန်ဖို့ အတွက်
ငါ တစ်ယောက်တည်း ၀အောင်ရှူခဲ့ လေသလား?
(၉) ငါ.. ငါရထားတာတွေ..ငါရှာထားတာတွေ..
ငါရှိနေတာတွေနဲ့ ..ငါတစ်ယောက်တည်းသုံး
ငါ့ အတွက်ပဲ ငါလုပ်ခဲ့ လေသလား?
(၁၀) ဒီလိုနဲ့ ပဲ…ငါ့ အတွက်ငါလုပ်ရင်း
ငါ့ ကိုဘာမှတ်လဲလို့ ငါတစ်ကော ကောရင်း
ငါ့ ကိုယ်ငါချစ်ရင်း…ငါချစ်တဲ့သေမင်းဆီကိုရော
ငါ ပျော်ပျော်ကြီးသွားမှာလား?
(၁၁) ငါ..ငါ့ ခေါင်းလေးနဲ့ ငါနိုင်သလောက်သူများအတွက်မစဉ်းစားအားတော့ဘူးလား?
ငါ..မျက်လုံးတွေနဲ့ အများအတွက်ရောငါ့ အတွက်ပါ..မှောက်ကျမယ့် ချောက်တွေကို
ကြည့်ပြီး ဖယ်ရှားမပေးချင်ဘူးလား
(၁၂) ငါ့လက်နှစ်ဖက်နဲ့ ..မှန်ကန်တဲ့ လမ်းညွှန်မှု
နွေးထွေးတဲ့ ပွေ့ ဖက်မှုတွေငါမပေးနိုင်တော့ဘူးလား?
(၁၃) ငါ..ငါ့ခြေထောက်နှစ်ချောင်းနဲ့ အများကောင်းဖို့ 
လျှောက်ရတဲ့ ခရီးတစ်လျှောက်မှာ
ငါ..သာသာလေးနေကျန်ခဲ့ မလား ?
(၁၄) ကဲ.. ငါ..ဒီလိုနဲ့ အချိန်တွေစားလာ
အမှားတွေများလာ…
ငါ..ငါမုန်းတဲ့ငါ
(ငါ့ ကိုယ်ငါ ခံစားရေးဖွဲ့ ဆုံးမခြင်း..သြဂုတ်လ ၉ ရက်နေ့ , ၂၀၀၉)

No comments: