Sunday 17 February 2008

သတ္တိ

သတ္တိဆိုတာ တိုက်ရဲခိုက်ရဲတာကို ပြောတာမဟုတ်ဘူး၊

စွန့်လွှတ်သင့်တာကို ပြတ်ပြတ်သားသား စွှန့်လွှတ်ရဲတာ၊

ရယူသင့်တာကို ပြတ်ပြတ်သားသား ရယူရဲတာ၊

ကိုယ်မှန်ကန်တယ်လို့ ယုံကြည်ပြီး ချမှတ်ထားတဲ့ လမ်းအတိုင်း တည့်တည့်လျှောက်ရဲတာ၊

အဲ ဒီလို ရှေ့ဆက်လျှောက်ရင်း တွေ့ကြုံလာရမယ့် အခက်အခဲတွေ ဒုက္ခတွေ ပင်ပန်းဆင်းရဲ ခြင်းတွေ စတဲ့လောကဓံတွေကို ကြံ့ကြံ့ခံ ၇င်ဆိုင်ပြီး သေလောက်တဲ့ အခက်အခဲ ဒုက္ခတွေနဲ့ မည်သို့ပင်ရင်ဆိုင် တွေ့ပါစေ၊ ရဲဝံ့ ခိုင်မာ ပြတ်သားတဲ့ စိတ်ဓာတ်တွေနဲ့ တစ်လက်မ မှမယိမ်းယိုင်ပဲ၊ ဖြောင့်ဖြောင့်ဆက်လျှောက်ပြီး၊ ပန်းတိုင် အထိအရောက်သွားနိုင်တာ အရောက်သွားရဲတာကို သတ္တိလို့ ခေါ်တယ်။

လမ်းမှာ ကြုံတွေ့ရမယ့် အခက်အခဲဒုက္ခတွေကို သည်းခံပြီး ရဲဝံ့စွာနဲ့ ဖြတ်သန်းလျှောက်လှမ်း နိုင်ခဲ့မယ်ဆိုရင်၊ ပန်းတိုင်ရောက်တဲ့အခါမှာ ကိုယ်ရရှိမယ့် ဆုလာဘ်တွေက ပျော်ရွှင်ခြင်း၊ ကျေနပ်ခြင်း၊ ဂုဏ်ယူခြင်း၊ ငြိမ်းချမ်းခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု ပိုတိုးလာခြင်း၊ ဆိုတဲ့ အရာတွေပဲ။ ကဲ သည်းခံပြီးလျှောက်လိုက်စမ်းပါ၊ ရှေ့မှာ ကိုယ့်ရဲ့

သတ္တိအတွက် ချီးမြှင့်မယ့် ဆုတွေရှိနေတယ်။

No comments: