Friday 23 May 2008

ဓါးသွေးရင်း အားမွေးကြပါစို့ 

ရိုးသားပြီး အပြစ်မဲ့တဲ့ မြန်မာပြည်သူများအပေါ်
အမှန်တရား ရယ် တရားမျှတမှုရယ် လူသားအသည်းနှလုံးရှိတဲ့  ကမ္ဘာပေါ်ရှိ လူသားများရယ်က
အမြန်ဆုံးစောင့်ရှောက်နိုင်ကြပါစေ။

အပြစ်မဲ့တဲ့ မိဘမဲ့ကလေးများ စစ်မှန် နွေးထွေးလုံခြုံတဲ့ စောင့်ရှောက်မှုအောက်ကို အမြန်ဆုံးရောက်ရှိပါစေ။

ယုတ်မာရက်စက်လွန်းတဲ့ ကိုယ့်လူမျိုး ကိုယ်ပြန်သတ်တဲ့ အာဏာရူးစစ်အစိုးရနဲ့ အပေါင်းအပါများ စစ်ခုံရုံးမှာ
အမြန်ဆုံးတရားစီရင်ခံရပါစေ။

ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ် စေတနာ့ဝန်ထမ်းပြီး ဒုက္ခရောက်ပြည်သူတွေဆီ အရောက်သွားကူညီနေသောလူပီသသူများနဲ့ 
တတ်နိုင်သမျှ လှူဒါန်းပေးကမ်းထောက်ပံ့နေသူများ
စစ်အစိုးရရဲ့ ယုတ်မာမှုကို ရသမျှ နည်းလမ်းနဲ့ ဖော်ထုတ် တိုက်ပွဲဝင်နေသူများကိုလည်း
အမှန်တရားနဲ့ သူတော်ကောင်းအပေါင်းရဲ့ စောင့်ရှောက်မှုကိုရရှိပြီး
ဆက်လက်အောင်မြင်စွာနဲ့  အများအကျိုး သည်ပိုးဆောင်ရွက်နိုင်ကြပါစေ။

အခုအချိန်ကစပြီး လူယုတ်မာတွေကို အပြီးအပြတ်တိုက်ထုတ်ဖို့  လက်တဖက်ကဓါးသွေးရင်း
ကျန်လက်တဖက်ကလည်း အပြစ်မဲ့ ပြည်သူတွေကို တတ်နိုင်သမျှ ကယ်တင်ဖို့  အားမွေးကြပါစို့ ။

တရားမျှတသော ကမ္ဘာကြီး က မြန်မာကို ကယ်တင်တော့မည်။

အင်မတန်ရိုးသားသော

အင်မတန်သည်းခံခွင့်လွှတ်တတ်သော

အင်မတန်ခံနိုင်ရည်ရှိသော

ရှိသမျှနှင့်ရောင့်ရဲတင်းတိမ်တတ်သော

ဘာကိုပဲရင်ဆိုင်ရ ရင်ဆိုင်ရ ကံတရားကြောင့်ပါလေလို့ ခွင့်လွှတ်တတ် ဖြေတွေးတွေးတတ်သော

ထိုသို့ ချစ်စရာကောင်းလောက်အောင်ရိုးသား ရိုးအလွန်းသော အပြစ်မဲ့ပြည်သူများအပေါ်

မရ ရတဲ့နည်းပေါင်းစုံဖြင့် မသေသေအောင်သတ်နေသော

မျိုးမပြုတ် ပြုတ်အောင်ဖြုတ်နေသော

အပြစ်မဲ့ပြည်သူ့ များ၏အရိုးပုံ ကို ပလ္လင်လုပ်၍ ဘုရင်လုပ်လိုသော

အာဏာရူး ဘုရင်ရူး သန်းရွှေနှင့် အပေါင်းအပါများသည် မကြာမီ သူတို့ ၏ဒဏ်ကိုနှစ်ပေါင်း
များစွာလူးလှိမ့်ခံစားခဲ့ရသော အပြစ်မဲ့ မြန်မာပြည်သူအပေါင်းကို
အသက်ပေး၍ အကြွေးဆပ်ရန် အချိန်လုံးဝနီးကပ်နေပြီဖြစ်ပါ၍ ပြည်သူအပေါင်းဝမ်းသာအားရ နားစွင့်ထားကြပါရန် သတင်းကောင်းပေးအပ်ပါသည်။

အမှန်တရားနှင့် တရားမျှတမှု ဟူသည် ဤကမ္ဘာပေါ်ရှိ အလှဆုံး အရာဖြစ်ပြီး
မည်သည့်အရာမျိုးနှင့်မျှ အရှည်သဖြင့် ဖုံးအုပ်ကွယ်ဝှက်ထား၍ မရပေ။

မြန်မာစစ်အစိုးရ အနေဖြင့် ပြည်သူများအပေါ် အကြွေးပေးဆပ်ရန် အချိန်ကျလေပြီ။