Monday 25 February 2008

လိုချင်လေပူလောင်လေ

ကိုယ်ပိုင်တယ်ထင်တဲ့ကိုယ့် ခန္ဓာတောင်ဒီဘ၀အတွက်အငှားရထားတာပါ။
ကိုယ့်ကိုကိုယ်တောင်မပိုင်တဲ့ဘ၀တိုတိုလေးမှာသူများကိုပိုင်ဆိုင်ချင်တာ၊အောင်မြင်မှုကိုပိုင်ဆိုင်ချင်တာ၊
ရာထူးကိုပိုင်ဆိုင်ချင်တာ၊အာဏာကိုပိုင်ဆိုင်ချင်တာ၊အဲဒီအရာတွေပိုင်ဆိုင်ဖို့ အတွက်ကြိုးစားတယ်ဆိုတဲ့
နေရာမှာတရားမျှတတဲ့ကြိုးစားမှုနဲ့ မဟုတ်ပဲ၊မတရားမမျှတတဲ့နည်းနဲ့ ကြိုးစားရယူတာ။
ရယူဖို့ ကြိုးစားနေချိန်မှာလည်းမရမှာစိုးလို့ ပူလောင်ရသလို၊ရလာပြန်တော့လည်းဆက်မြဲနေဖို့ အတွက်ရယ်
မြဲမှမြဲပါ့ မလားဆိုတဲ့စိတ်နဲ့ ကြိုးစားရလေပူလောင်လေ။
ဘာမှမမြဲတဲ့လောကကြီးမှာဘာမှမပိုင်ဆိုင်ချင်လေဘာမှမပူပင်ရလေ။

No comments: