Thursday 21 February 2008

ထင်တိုင်းကြဲသူဒုက္ခထူ

တစ်လောကလုံးမှာပဲဖြစ်ဖြစ်၊နိုင်ငံတစ်နိုင်ငံမှာပဲဖြစ်ဖြစ်၊မိသားစုတစ်စုမှာပဲဖြစ်ဖြစ်၊အမှန်လည်းမမြင်အမြင်လည်းမမှန်
ပဲထင်တိုင်းကြဲတတ်သူတစ်ယောက်ရှိနေရင်အဲဒီလောကအဲဒီနိုင်ငံအဲဒီမိသားစုဒုက္ခရောက်တော့၊ဆင်းရဲချွတ်ခြုံကျတော့
ငိုကြွေးရတော့တာပဲ။
ထင်တိုင်းကြဲတတ်သူဟာသူကိုယ်တိုင်လည်းမကောင်းတာလုပ်သလို၊သူများကိုလည်းမကောင်းလုပ်ဖို့ ပဲအားပေး
တိုက်တွန်းတတ်ကြပါတယ်။
ထင်တိုင်းကြဲတတ်သူတွေဟာသူတို့ ရဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်ကြောင့်သူကိုယ်တိုင်လည်းဒုက္ခရောက်သလို၊သူတစ်ပါး
ကိုလည်းဒုက္ခပေးတတ်ကြပါတယ်။
ထင်တိုင်းမကြဲတဲ့သူတွေရှိတဲ့အရပ်ဟာမင်္ဂလာရှိတဲ့အရပ်၊ထင်တိုင်းမကြဲတဲ့သူတွေနဲ့ပေါင်းဖော်ရတာလည်း
မင်္ဂလာတစ်ပါးပါ။
ထင်တိုင်းကြဲတတ်သူတွေရဲ့ အဆုံးသတ်နဲ့ လားရာကတော့ကျရှူံးခြင်းနဲ့ ငရဲဘုံပါ။
(နာယူမိသောတရားတစ်ပုဒ်ကိုမျှဝေပါသည်။)

No comments: