Friday 22 February 2008

ဘယ်လိုလူဖြစ်ချင်လဲ

ကိုယ်ကကိုယ့်ပတ်ဝန်းကျင်မှာဘယ်လိုလူလဲ။ဥပမာကိုယ့်ပတ်ဝန်းကျင်ကရေကန်ဆိုရင်ရေကန်ရဲ့ တည်ငြိမ်
မှုအေးချမ်းမှုကိုပိုမိုတင့်တယ်လှပစေတဲ့ကြာပန်းလိုလူလား။ဒါမှမဟုတ်အဲဒီလှပမှုကိုဖျက်ဆီးမယ့်အမှိုက်တစ်
စလား။စဉ်းစားဖို့ လိုလာပြီ။
ကြာပန်းဆိုတာရေပြင်ရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာကနေရေမျက်နှာပြင်အထိရောက်အောင်တက်လာပြီးရေပြင်
ရဲ့ လှပတင့်တယ်မှုကိုဖြည့်ဆည်းပေးတဲ့ပန်းကလေး၊အဲဒီပန်းကလေးမှာဇွဲ၊သတ္တိ၊ရဲရင့်မှု၊တည်ငြိမ်မှု၊အေးချမ်းမှု၊
ကျက်သရေရှိမှုဆိုတဲ့အလှတရားတွေရှိနေပါတယ်။
ဒါ့ကြောင့်ကြာပန်းလေးကိုအားကျပြီးကြာပန်းလိုလူပဲဖြစ်ချင်ပါတယ်၊လောကကြီးမှာလည်းကြာပန်းလိုလူသား
တွေများလာစေချင်ပါတယ်။ဘ၀တိုတိုလေးမှာလူ့ လောက၀န်းကျင်ကိုတန်ဘိုးလျော့အောင်ဒုက္ခရောက်အောင်
လုပ်မယ့်အမှိုက်တစ်စလည်းမဖြစ်ချင်သလို၊အမှိုက်လိုလူတွေလည်းများမလာစေချင်ပါဘူး။
အမှိုက်နဲ့ အမှိုက်ပေါင်းရင်အမှိုက်ပဲဖြစ်လာမှာပါ၊ပိုများလာတဲ့အမှိုက်ကြောင့်တော့ပတ်ဝန်းကျင်ကိုပိုပြီးတင့်
တယ်လာစရာအကြောင်းမရှိပါဘူး။
ကြာပန်းလေးတွေကသာပွင့်ရေများလာလေရေကန်ရဲ့ လှပမှုကိုပိုတိုးလာစေလေပါပဲ။
ဒါ့ကြောင့်ကြာပန်းလိုလူတွေပိုပြီးများလာပါစေ၊အမှိုက်လိုလူတွေအမြန်ဆုံးရှင်းသွားပါစေလို့ ဆန္ဒပြုလိုက်ပါ
တယ်။

No comments: