Saturday 1 March 2008

ဆန္ဒ

ဒီကမ္ဘာမြေပေါ်မှာ …..
ရက်စက်မှုမှန်သမျှ အမြန်ဆုံးချုပ်ငြိမ်းပါစေ။
အမှန်တရားတို့ အမြန်လင်းလက်ပါစေ။
လွတ်လပ်မှုတို့  ပန်းလိုပွင့် ပါစေ။
ငြိမ်းချမ်းမှုတို့  စမ်းချောင်းလေးလိုစီးဆင်းပါစေ။
ကလေးတို့ ဘ၀ လုံခြုံဝမ်းဝ ပျော်ရွှင်ပါစေ။
သက်ကြီးရွယ်အိုတွေရဲ့ ဘ၀ ဆည်းဆာချိန်မှာလှပပါစေ။
အမျိုးသမီးတွေရဲ့ ဘ၀ လုံခြုံစိတ်ချ သာတူညီမျှဘ၀ရကြပါစေ။
မေတ္တာတရား ကိုယ်ချင်းစာတရား လက်ကိုင်ထားတဲ့ လူပီသတဲ့ လူသားများ ဒီကမ္ဘာမြေမှာ ပန်းတွေလိုပွင့်
ကြယ်တွေလိုလင်းလက် လရောင်လိုအေးမြစွာနဲ့ ပေါ်ထွန်းလာပါစေ။

No comments: