Wednesday 27 February 2008

လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုအတွက်

အသက်နဲ့ အရင်းခံထားရတဲ့ခြိမ်းခြောက်မှုတွေ၊ဘ၀နဲ့ အရင်းခံထားရတဲ့ခြိမ်းခြောက်မှုတွေရှိနေပြီဆိုရင်ဒါဟာ
လွပ်လပ်မှုနဲ့ ငြိမ်းချမ်းမှုပျောက်ဆုံးနေတာကိုဖော်ပြနေတာပဲ။
အဲဒီခြိမ်းခြောက်မှုတွေရဲ့ အောက်မှာ….
မတရားတာကိုမတရားတဲ့အကြောင်း
မလုပ်နိုင်တာကိုမလုပ်နိုင်တဲ့အကြောင်း
မကြိုက်တာကိုမကြိုက်တဲ့အကြောင်း
မှားနေတာကိုမှားနေတဲ့အကြောင်း
လွဲနေတာကိုလွဲနေတဲ့အကြောင်း
အဲဒီအကြောင်းလေးတွေကိုအမှန်ကိုအမှန်အတိုင်း၊အရှိကိုအရှိအတိုင်းပြောခွင့်၊ပြခွင့်၊ရေးခွင့်၊ငြင်းခွင့်၊လုပ်ခွင့်ဆိုတဲ့အခွင့်အရေးတွေ၊ငြိမ်းချမ်းမှုတွေ၊လွတ်လပ်မှုတွေအားလုံးဆုံးရှုံးနေတဲ့ဘ၀ကြီးမှာ….
လွတ်လပ်မှုကိုအဆုံးရှုံးခံမလား..
လွတ်လပ်မှုအတွက်တိုက်ပွဲဝင်မလား…
သေမှလွတ်လပ်မှာလား….
တိုက်မှလွတ်လပ်မှာလား…
ဒီလိုနဲ့ ပဲပြီးသွားမှာလား….
အချိန်မရှိတော့ဘူး၊မြန်မြန်စဉ်းစား…စဉ်းစား….စဉ်းစား

No comments: