Tuesday 26 February 2008

ခေါင်းဆောင်ကောင်းဆိုတာ

နိုင်ငံ့ခေါင်းဆောင်ကောင်းဆိုတာ
နိုင်ငံ့ခေါင်းဆောင်ဆိုတဲ့အာဏာကိုယူထားပြီးကိုယ့်အတွက်အသုံးချနေမယ်ဆိုရင်ခေါင်းဆောင်ကောင်းမဟုတ်ဘူး။နိုင်ငံ့ခေါင်းဆောင်ကောင်းဆိုတာကိုယ့်တိုင်းသူပြည်သားတွေအတွက်နိုင်ငံ
ရေးး၊စီးပွားရေး၊လူမှုရေး၊ကျန်းမာရေးလိုအပ်တာအကုန်ဖြည့်ဆည်းပြင်ဆင်စဉ်းစားပေးနိုင်ရမယ်
”မင်း”ဆိုတာလူတွေကိုနှစ်သက်သဘောကျအောင်လုပ်တတ်လို့  ”မင်း”လို့ ခေါ်တာ
မင်းကျင့်တရား(၁၀)ပါးဆိုတာ…..
(၁)၀န်ထမ်းတွေကိုလောက်ငတဲ့လုပ်ခလစာပေးရတယ်။(မပေးရင်မလောက်တော့လောက်
အောင်မရရတဲ့နည်းနဲ့ရှာကြတဲ့အခါမှာကိုယ်ကျင့်တရားတွေပျက်လာကြကုန်ရော။လစာတွေတိုးပေးထားတယ်ဆိုပေမယ့်အဲဒီလစာဟာတက်နေတဲ့ကုန်ဈေးနှူန်းနဲ့ ငွေကြေးဖောင်းပွမှုကိုကာမိရဲ့ လားစဉ်းစားပေးကြပါဦး။)
(၂)မင်းဆိုတာကိုယ့်မှာရှိတဲ့ပစ္စည်းဥစ္စာနဲ့ အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာဖြည့် ဆည်းစွန့် ကြဲနိုင်ရမယ်။
(ပြည်သူတွေဆီကနေအခွန်အတုတ်တွေမတရားကောက်ခံ၊အတင်းဖိအားပေးပြီးအလှူငွေထည့်ခိုင်းပြီးလမ်းခင်း၊ဘုရားတည်၊ကျောင်းဆောက်၊ဖွင့်ပွဲနေ့ကျမှကြော့ကြော့လေးရောက်လာ၊ဖဲကြိုးလေးဖြတ်၊လက်လေးပြ၊နာမည်လေးဝင်ယူ၊ဒီလိုလုပ်တာကတော့သူကြီးဘုရားရွာသားကောင်းမှု ပဲဖြစ်တော့မှာပေါ့။)
(၃)ခေါင်းဆောင်ဆိုတာဖြောင့်မတ်ရိုးသား၊ကတိသစ္စာတည်ကြည်ရတယ်။(မင်းမှာသစ္စာ၊လူမှာကတိတဲ့၊ပေးထားတဲ့ကတိအတိုင်းလုပ်ပေးရတယ်။မလုပ်ပေးနိုင်တဲ့ကတိမျိုးမပေးရဘူး၊ပေးထားတဲ့ကတိပျက်ရင်အဲဒီလူကိုဘယ်သူမှမယုံတော့ဘူး၊ကတိပျက်ရင်နာမည်ပျက်၊နာမည်ပျက်တယ်ဆိုတာနာမည်သေတာ၊နာမည်သေရင်ဘ၀ပါသေတာပဲ။)
(၄)ခေါင်းဆောင်ဆိုတာနူးညံ့သိမ်မွေ့ ရတယ်၊မာန်မာနကင်းပြီး၊ပြသနာကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့  ပြေလည်အောင်ဖြေရှင်းနိုင်တဲ့သူဖြစ်ရမယ်။
(၅)ခေါင်းဆောင်ဆိုတာကိုယ်ကျင့်တရားနဲ့ပြည့်စုံရတယ်။ကိုယ်တိုင်ကပြည့်စုံမှလက်အောက်
ငယ်သားတွေကိုဆုံးမလို့ ရမယ်။ခေါင်းဆောင်ကခိုးရဲလိမ်ရဲရင်နောက်လိုက်ကလည်းခိုးရဲလိမ်
ရဲလာမယ်။ခေါင်းဆောင်ညံ့ရင်နောက်လိုက်ညံ့မှာပဲ။
(၆)ခေါင်းဆောင်ဆိုတာထိုက်သင့်တဲ့ကိုယ်ကျင့်တရားနဲ့ ပြည့်စုံရတယ်။ထိုက်သင့်တဲ့ကိုယ်ကျင့်
တရားကိုကျင့်ကြံနိုင်ရမယ်။
(၇)ခေါင်းဆောင်ဆိုတာဒေါသနည်းရတယ်၊ပြသနာဖြေရှင်းတဲ့နေရာမှာဒေါသနဲ့ မဖြေရှင်းရဘူး။
(၈)ခေါင်းဆောင်ဆိုတာတိုင်းသူပြည်သားတွေအပေါ်မှာဆင်းရဲအောင်မလုပ်ရဘူး။(ခေါင်း
ဆောင်ကောင်းမဟုတ်တဲ့သူဟာဘယ်လိုနည်းလမ်းနဲ့ ဆင်းရဲအောင်လုပ်ရမလဲ၊ဘယ်လိုညစ်
ပတ်လိုက်ရမလဲအမြဲစဉ်းစားကြံစည်တယ်။
(၉)ခေါင်းဆောင်ကောင်းဆိုတာသည်းခံနိုင်စွမ်းအားနဲ့ ပြည့်စုံရတယ်။
(၁၀)ခေါင်းဆောင်ကောင်းဆိုတာတိုင်းသူပြည်သားတွေဖြစ်ချင်တဲ့အလိုဆန္ဒနဲ့ မဆန့် ကျင်ရ
ဘူး၊တတ်နိုင်သမျှဖြစ်အောင်လုပ်ပေးရတယ်။

No comments: