Monday 5 May 2008

နအဖအတွက် ဓါးမုန်တိုင်းမိုးကြိုး လာတော့မယ်

အခုအချိန်မှာ စစ်အစိုးရအနေနဲ့  မေ(၁၀) ရက်မှာလုပ်မယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မတရားသဖြင့်အနိုင်ရဖိုံအတွက် မဲလိမ်ကေါက်ခြင်း၊ ထောက်ခံမဲရဖို့ အတွက် အတင်းအကျပ်ခြိမ်းခြောက်အကျပ်ကိုင်ပြီး (နိုင်ငံခြားရော ပြည်တွင်းမှာပါ) အတင်းအဓမ္မထောက်ခံမဲများထည့်ခိုင်းခြင်း၊ချီးစားခွေး ကြံ့ ဖွံ့ နဲ့  သောက်ရူးခွေးဝဲစားစွမ်းအားရှင်တွေကို ချီးတုံးလေး အရိုးအရင်းလေးချကြွေးပြီး ဆန္ဒပြပြည်သူတွေနဲ့  ဒီမိုကရေစီအရေးလှုပ်ရှားသူများကို အကြမ်းဖက်နှိမ်နှင်းဖို့  ဒုတ်ရိုက်သင်တန်း ၊ ကားပေါ်ဆွဲတင်သင်တန်း၊ ချောင်းရိုက်သင်တန်းတွေကိုပေးနေမယ့်အစား……..
ပြည်သူကိုတကယ်ချစ်တယ် တိုင်းပြည်ကိုတကယ်ချစ်တယ်ဆိုရင် အခုသက်သေပြဖို့  အခွင့်အလန်းကောင်းပေါ်ပြီလေ… လုပ်ပြလိုက်ပါလား
အခုဆိုရင် အကြီးမားဆုံး အပြင်းထန်ဆုံးမုန်တိုင်းကြီးကြောင့် မြန်မာနိုင်ငံရဲ့ စပါးကျီလို့ ခေါ်လို့ ရတဲ့ ဧရာဝတီတိုင်း၊ မြို့ တော်ဟောင်းရန်ကုန်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့  ကရင်ပြည်နယ်တွေမှာ ရစရာမရှိအောင်ပျက်ဆီး သေကျေကုန်ပြီလေ။ ဒါသူတို့ ထိုက်နဲ့ သူတို့ ကံ ငါတို့ နဲ့ မဆိုင်ဘူး ငါတို့ နဲ့ ဆိုင်တာ မေ( ၁၀ ) ရက်နေ့ ပဲ ငါတို့ အာဏာဆက်လက်တည်မြဲဖို့ အတွက် မဲ လိမ်ကောက်ဖို့ ကအဓိကပဲဆိုတဲ့ အင်မတန်ယုတ်ညံ့ လွန်းတဲ့ သဘောထားတွေနဲ့  အ၀ီဇိထိဆက်သွားနေဦးမှာလား။
နိုင်ငံတကာနဲ့  ပြည်တွင်းပြည်ပရှိမြန်မာလူမျိုးတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့ အစည်းတွေရဲ့  အထောက်ပံ့အကူအညီတွေကိုအမြန်ဆုံးရယူပြီး ပြည်သူတွေရဲ့ ဒုက္ခတွေကိုကယ်တင်ပေးပါတော့လား၊ ပြည်သူတွေရဲ့ ပူဆွေးသောက မျက်ရည်တွေကို သုတ်ပေးပါတော့လား၊ ရှင်တို့ ရဲ့ လက်တွေက သေနတ်ကိုင်ပြီး ပြည်သူတွေကိုပစ်ဖို့ ပဲလား၊ ရှင်တို့ ရဲ့ ပါးစပ်တွေက ပစ်လို့ ပဲပြောတတ်--ရုံပဲလား။
ဒီသဘာဝဘေးအန္တရာယ်တွေရဲ့ နောက်ကွယ်ကဆိုးကျိုးတွေကဘာတွေလဲ၊ နည်းနည်းလေးရောစဉ်းစားမိကြရဲ့ လား၊ လျှပ်စစ်မီးတွေပျက်မယ်၊ ဆက်သွယ်ရေးတွေပြတ်တောက်ကုန်မယ်၊ နေရေးစားရေးအကုန်ခက်လာမယ်၊သောက်သုံးရေပြတ်လပ်သွားမယ်၊ ရရာရေသောက်ရမယ်၊ ရေမသန့် တော့ရေကြောင့်ရတဲ့ရောဂါတွေဖြစ်လာမယ်၊သဘာဝဘေးကြောင့်လူသေရသလို နောက်ဆက်တွဲရလာမယ့်ရောဂါတွေကြောင့်လည်းလူတွေသေကြဦးမှာ၊ဒါတွေမဖြစ်ဖို့ ဆေးဝါး၊ ရေသန့်  စားစရာ၊၀တ်စရာနဲ့ နွေးထွေးလုံခြုံတဲ့အမိုးအကာအောက် အမြန်ဆုံးရောက်ဖို့ လိုပါတယ်။
ဒါ့အပြင် ဒီသဘာဝဘေးကြောင့် စိုက်ပျိုးမြေတွေပျက်ဆီး ကျွဲနွားတွေသေ လူတွေလည်းသေသူသေ ပျောက်သူပျောက် ….ကဲဒီဒုက္ခတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းပေးမှာလဲ…နအဖ စစ်အစိုးရ။
တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူဆိုတာ အာဏာကိုတရားတဲ့နည်းနဲ့ ဖြစ်ဖြစ် မတရားတဲ့နည်းနဲ့ ဖြစ်ဖြစ်ရယူပြီး ပလ္လင်ပေါ်တက်ထိုင်နေရုံနဲ့ ပြီးသွားမယ့်ကိစ္စမှမဟုတ်တာ။
အဲဒီလိုသာဆက်သွားနေမယ်ဆိုရင်တော့ ရှင်တို့ ရဲ့ ပလ္လင်ကို ဒီမုန်တိုင်းထက်အဆပေါင်းများစွာပြင်းတဲ့ ပြည်သူ မျက်ရည်တွေ ပြည်သူ့ ကျိန်စာတွေနဲ့ ဖွဲ့ စည်းထားတဲ့ ပြည်သူ့ မိုးကြိုးက ရှင်တို့ ကို စင်္ကြာဝဠာအပြင်ဖက်ထိရောက်အောင် ပစ်ချတော့မယ် နီးလာပြီ သတိသာထားပေတော့…နအဖအာဏာရူးနဲ့ အပေါင်းအပါများရှင့်။
ဘာပဲဖြစ်ဖြစ် အများအတွက်တရားဖက်တဲ့ ဓါးထက်ထက်တစ်လက်တော့လိုနေပြီ။

No comments: