Wednesday 7 May 2008

အမြန်...ဦးစားပေး

ကျေးဇူးပြုပြီး ရသမျှအကူအညီ ( နိုင်ငံတကာရဲ့  အကူအညီ၊ ပြည်တွင်းပြည်ပအဖွဲ့ အစည်းအသီးသီးရဲ့ အကူအညီ ) ယူပြီး အတိဒုက္ခရောက်နေရှာတဲ့  ကယ်သူမဲ့ နေရှာတဲ့ နေစရာ စားစရာ ၀တ်စရာ ဆေးဝါးလိုနေရှာတဲ့  အမျိုးအဆွေတွေနဲ့ သေကွဲမှန်းမသိ ရှင်ကွဲမှန်းမသိ ကွဲနေရ သောကတွေပွါးနေရတဲ့ သနားစရာ အပြစ်မဲ့မြန်မာပြည်သူတွေ ဒီဘေးဒုက္ခကြီးနေအမြန်ဆုံးလွတ်မြောက်ဖို့  အမြန်ဆုံးသက်သာရာရဖို့ 
အတွက် အာဏာရူးအစိုးရရဲ့ ကယောင်ကတမ်းငြင်းဆိုမှုတွေ သူဘာလုပ်မလဲဆိုတာတွေကိုအချိန်ပေးပြီးစောင့်ကြည့်နေလို့ မရတော့ပါဘူး။
ဒုက္ခရောက်နေတဲ့ပြည်သူတွေကို အမြန်ဆုံးကယ်တင်နိုင်ဖို့  NLD ပဲဖြစ်ဖြစ် တခြားမည်သည့်အဖွဲ့  အစည်းပဲဖြစ်ဖြစ် မည်သို့ သောလူမှုရေးအသင်းအဖွဲ့ ပဲ ဖြစ်ဖြစ် ရသမျှအလှူငွေကေါက်ခံ သေချာစုစည်းပြီး ဒုက္ခရောက်ပြည်သူတွေရဲ့ လက်ထဲအမှန်အကန် မြန်မြန်ဆန်ဆန်ရောက်ဖို့  ထိထိရောက်ရောက်ဆောင်ရွက်ပေးကြပါလို့  အားလုံးရဲ့ ကိုယ်စားတိုက်တွန်းအပ်ပါတယ်။
သဘာဝဘေးနဲ့ မင်းဆိုးမင်းညစ်ဘေးကို မရှုမလှခံစားနေရတဲ့ အပြစ်မဲ့ပြည်သူအပေါင်း ဒီဘေးဒုက္ခတွေကနေအမြန်ဆုံးလွတ်မြောက်ဖို့ မဟာဂရုဏာရှင်မြတ်စွာဘုရားကယ်မတော်မူပါ။
ဒုက္ခသယ်ပြည်သူအပေါင်း ဒီဒုက္ခအပေါင်းကနေအမြန်လွတ်မြောက်ပါစေ။
အာဏာရူး အယုတ်တမာအစိုးရနဲ့ အပေါင်းအပါ အရူးချီးပန်းခွေးဝဲစားများ ပြည်သူ့ ကျိန်စာဓါးများအောက်မှာ အပိုင်းပိုင်းပြတ်ပြီး မြန်မြန်အ၀ီဇိရောက်ပါစေ။
ဒင်းတို့ ကို ပြည်သူတွေရဲ့ ကိုယ်စား ဓါးတစ်ချက်အားရပါးရ၀င်ပိုင်းခွင့် ရပါစေ။

No comments: