Sunday 11 May 2008

ငရဲခွေးကြီးလွတ်နေသည်...နတ်မင်းကြီးများအိပ်ပျော်နေသည်

သန်းရွှေကို ဘယ်သူမှ မဖြောင်းဖျနိုင်ကြတော့ဘူးလား?
ရန်ကုန်မှာရှိတဲ့ သာသနာပိုင်ဘုန်းဘုန်းကြီးတွေကရော မပြောနိုင်ကြဘူးလား?
ဒေါ်ကြိုင်ကြိုင် ရှင့်လင်ငရဲပြည်သွားရင် ရှင်ရောလိုက်မှာမို့  ရှင့်လင်လူယုတ်မာကိုဒီလမ်းပို့ ပေးနေတာလား?
စစ်တပ်ထဲကသူတွေ ဘာ့ကြောင့် ဒီလူယုတ်မာရဲ့  ဒီလောက်ဆိုးဝါးတဲ့အကုသိုလ်ကို ၀ိုင်းပြီးမျှယူနေကြတာလဲ?
ကမ္ဘာ့အဖွဲ့ အစည်းအသီးသီးကရော မပြောနိုင်ကြတော့ဘူးလား?
ဒီ့လောက်လူမဆန်တဲ့ လူစိတ်မရှိတဲ့ အစိုးရရဲ့  ယုတ်မာရက်စက်လွန်းတဲ့လုပ်ရပ်အပေါ် ဒီလိုပဲ လက်ပိုက်ကြည့် နေကြတော့မှာလား?
သေသူကိုလည်းဆယ်မယ့်သူမရှိ ရှင်သူကိုလည်းကယ်မယ့်သူမရှိ…
အာဏာရူးသူတစ်သိုက်ကြောင့် အပြစ်မဲ့ပြည်သူတွေ ကလေးတွေ ဘယ်လောက်တောင်ထပ်သေကုန်မလဲ မတွေးရဲတော့ဘူး။
အာဏာရူးသူကို သူအရူးနဲ့ သူ သူအကုသိုလ်နဲ့ သူ သွားပါစေ ထားလိုက်ပါတော့
ကဲ …လူစိတ်ရှိသူအပေါင်း ဒုက္ခရောက်နေသူအပေါင်းကို တတ်စွမ်းသရွေ့ ကယ်ကြပါတော့။
တရားကိုစောင့်သောနတ်မင်းအပေါင်းဘယ်တရားကိုသွားစောင့်ပါလိမ့်?
သာသနာစောင့်နတ်မင်းအပေါင်း ဘယ်သာသနာကိုသွားစောင့်နေပါလိမ့်?
လောကကိုစောင့်ကြပ်နေသောနတ်မင်းအပေါင်း..ဘယ်မှာအိပ်ပျော်နေပါလိမ့်?

ဒီလောက်မတရားမှုတွေ ယုတ်မာမှုတွေ လူမဆန်မှုတွေ ပြည့်နှက်နေတဲ့…မြန်မာပြည်သူအပေါင်းကရော ကမ္ဘာတ၀ှမ်းလုံးကပါ အော့ကြောလန်နေတဲ့ ဒီလူယုတ်မာတစ်သိုက်ကို ဒီလိုပဲလက်ပိုက်ကြည့်မနေကြပါနဲ့ ။
နတ်မြတ်နတ်ကေါင်းနတ်အပေါင်းနဲ့  လူသူတော်ကေါင်းအပေါင်းတို့  အမြန်ဆုံးဝိုင်းဝန်းဆုံးမတော်မူကြပါ။

No comments: