Saturday 10 May 2008

နိုင်တာလေးတွေ လုပ်ရအောင်ပါ

ဒေါသထွက်လွန်းလို့ ဒီသောက်သုံးမကျတဲ့ အရူးအစိုးရကိုဆဲနေရတာနဲ့ အကုသိုလ်တွေပဲလှိမ့်ယူနေမိတယ်။
စိတ်ကိုနည်းနည်းအေးအောင်ထားပြီး ငါသာငါ့တိုင်းပြည်မှာရှိနေခဲ့ရင် ငါဘာလုပ်နိုင်လည်းလို့  စဉ်းစားကြည့်လိုက်တော့
ကျန်းမာတဲ့လူငယ်လေးတွေ၊ စေတနာ့ဝန်ထမ်းလုပ်လိုတဲ့ပြည်သူတွေ၊ ကျောင်းအားနေတဲ့ကျောင်းသားကျောင်းသူတွေကို လူလည်းစု၊ ရသမျှအလှူငွေ၊ဆေးဝါး စားစရာ ၀တ်စရာ အခင်း စောင် ခြင်ထောင်စသဖြင့် ရသမျှအင်အားအကုန်စုပြီး လောလောဆယ်ကယ်ဆယ်ရေးဘယ်လိုမှမရောက်နိုင်သေးတဲ့ မုန်တိုင်းမိအဆိုးဝါးဆုံးဒေသတွေကိုသွားသင့်တယ် ။
ဒါပေမယ့်သွားသူကလည်း ကိုယ့်အန္တရာယ်ကိုလည်း ကိုယ်ကာကွယ်ပါ။
ကယ်သူမဲ့ ဒုက္ခရောက်ပြည်သူတွေကို ဘာလေးပဲဖြစ်ဖြစ် ဘယ်လိုလေးပဲဖြစ်ဖြစ် အမြန်ဆုံးကူညီပေးနိုင်ဖ့ို လိုပါတယ်။
နိုင်ငံခြားက အဖွဲ့ အစည်းမဟုတ်တောင်မှ ကယ်မဲ့သူ ကူမယ့်သူလို့ သိလိုက်တာနဲ့ အရမ်းကိုအားရှိ ၀မ်းသာသွားကြမှာပါ။
နောက်ဆုံးကူညီနေရင်းနဲ့  လက်ထဲမှာဘာမှမရှိတော့ရင်တောင်မှ ဒုက္ခရောက်ပြီးမိဘမဲ့ဖြစ်နေတဲ့ကလေးလေးတွေကို ရင်ခွင်ထဲမှာထည့်ပြီး ထွေးပွေ့ ထားလိုက်ပါ။
ဒါလည်းခွန်အားတစ်မျိုးပါ။
နိုင်ငံအရေး (နိုင်ငံရေးမဟုတ်ပါ) မို့ နိုင်ငံသားတိုင်း နိုင်သလောက်ကူညီလှုပ်ရှားကြပါစို့ ။

No comments: