Friday 23 May 2008

တရားမျှတသော ကမ္ဘာကြီး က မြန်မာကို ကယ်တင်တော့မည်။

အင်မတန်ရိုးသားသော

အင်မတန်သည်းခံခွင့်လွှတ်တတ်သော

အင်မတန်ခံနိုင်ရည်ရှိသော

ရှိသမျှနှင့်ရောင့်ရဲတင်းတိမ်တတ်သော

ဘာကိုပဲရင်ဆိုင်ရ ရင်ဆိုင်ရ ကံတရားကြောင့်ပါလေလို့ ခွင့်လွှတ်တတ် ဖြေတွေးတွေးတတ်သော

ထိုသို့ ချစ်စရာကောင်းလောက်အောင်ရိုးသား ရိုးအလွန်းသော အပြစ်မဲ့ပြည်သူများအပေါ်

မရ ရတဲ့နည်းပေါင်းစုံဖြင့် မသေသေအောင်သတ်နေသော

မျိုးမပြုတ် ပြုတ်အောင်ဖြုတ်နေသော

အပြစ်မဲ့ပြည်သူ့ များ၏အရိုးပုံ ကို ပလ္လင်လုပ်၍ ဘုရင်လုပ်လိုသော

အာဏာရူး ဘုရင်ရူး သန်းရွှေနှင့် အပေါင်းအပါများသည် မကြာမီ သူတို့ ၏ဒဏ်ကိုနှစ်ပေါင်း
များစွာလူးလှိမ့်ခံစားခဲ့ရသော အပြစ်မဲ့ မြန်မာပြည်သူအပေါင်းကို
အသက်ပေး၍ အကြွေးဆပ်ရန် အချိန်လုံးဝနီးကပ်နေပြီဖြစ်ပါ၍ ပြည်သူအပေါင်းဝမ်းသာအားရ နားစွင့်ထားကြပါရန် သတင်းကောင်းပေးအပ်ပါသည်။

အမှန်တရားနှင့် တရားမျှတမှု ဟူသည် ဤကမ္ဘာပေါ်ရှိ အလှဆုံး အရာဖြစ်ပြီး
မည်သည့်အရာမျိုးနှင့်မျှ အရှည်သဖြင့် ဖုံးအုပ်ကွယ်ဝှက်ထား၍ မရပေ။

မြန်မာစစ်အစိုးရ အနေဖြင့် ပြည်သူများအပေါ် အကြွေးပေးဆပ်ရန် အချိန်ကျလေပြီ။

No comments: