Tuesday 13 May 2008

နအဖရဲ့ဇာတ်သိမ်းခန်းနီးလာပြီ

လူယုတ်မာ သန်းရွှေနှင့် အပေါင်းအပါများဖြစ်ကြသော သန်းရွှေ၏ မိသားစုဝင်များ၊ စစ်တပ်မှ သန်းရွှေစိတ်တိုင်းကျ မြှောက်ထိုးပင့်ကော် ဖားယားနေသူများ၊သန်းရွှေယိုသောချီးကိုစားရယုံဖြင့် ရှုးတိုက်လျှင်လူကောင်းမှန်းလူဆိုးမှန်းမသိ အကုန်ကိုက်ရန်သာသိသော ကြံ့ ဖွံ့ နှင့် စွမ်းအားရှင်ဆိုသူများ၊ယရကများ…ခွေးသေ၀က်သေသေ၍ ပြေးစရာမြေမရှိ ပုန်းစရာကျင်းမရှိဟူသောအဖြစ်ဆိုးဖြစ်ရန်….ရက်ပိုင်းသာလိုတော့သည်ဖြစ်ပါ၍ နှစ်ပေါင်းများစွာမတရားသဖြင့်အုပ်ချုပ်ခံနေရသောပြည်သူများ၊မတရားအသတ်ခံရသောရဟန်းရှင်လူ ကျောင်းသားပြည်သူများ၊ ယုတ်မာသောအစိုးရ၏သတင်းထိန်ချန်မှုကြောင့် မုန်တိုင်းဒဏ်ကိုဆိုးဝါးစွာခံလိုက်ရသောပြည်သူများ၊ မုန်တိုင်းမှကံသီ၍ လွတ်သော်လည်း လိုအပ်သောအကူအညီများအချိန်မှီမရခြင်း၊ ပြည်တွင်းပြည်ပမှ လူပီသသောလူများ၏ အချိန်မှီ ထောက်ပံ့ကူညီမှုများအပေါ်ယုတ်မာစွဖြင့်ပိတ်ပင်သောပြိတ္တာကြီးများ ၊ ပြည်သူတွေဆီတိုက်ရိုက်မပို့ ပဲ သေကာနီးရိက္ခာစုသောစစ်တပ်မှ လူယုတ်မာများကြောင့် အစာငတ် ရေငတ် ဖျားနာ မိုးစို ၀မ်းနည်းကြေကွဲနေရသော ကယ်သူမဲ့ပြည်သူများ ၊ သင်တို့ ၏၀ဋ္ဋ်ကြွေးကို စစ်အစိုးရနှင့်အပေါင်းအပါလူယုတ်မာတို့ သည် မကြာမီရက်ပိုင်းအတွင်း အားရပါးရ ပေးဆပ်ပေတော့မည်။
ဝမ်းသာအားရ ပျော်ရွှင်စွာဖြင့် စောင့်ကြည့်ကြပါကုန်။

No comments: