Tuesday 13 May 2008

တို့ အရေး

ယုတ်မာလွန်းသောစစ်အစိုးရ ကိုအမြန်ဖြုတ်ချရန်နှင့် ဒုက္ခသည်ပြည်သူများ၏ လက်တွင်းသို ပြည်တွင်းပြည်ပမှအကူအညီများတိုက်ရိုက်အမြန်ရောက်ရေး….တို့ အရေး
ဒါ့ကြောင့် ပြည်တွင်းပြည်ပအကူအညီများကိုလက်မခံပါက လမ်းပေါ်ထွက်ကာ သံဃာနှင့်ပြည်သူများ အပြင်းအထန်ဆန္ဒပြရန် သံဃာတော်များရဲ့ တိုက်တွန်းချက်အပေါ် အပြည့်အ၀ ထောက်ခံပါသည်။
ရဟန်းရှင်လူပြည်သူအပေါင်း ညီညွတ်စွာ ပြင်းထန်စွာဖြင့် တိုက်ပွဲဝင်တောင်းဆိုမှသာလျှင် ဒုက္ခရောက်ပြည်သူများ မသေသင့်ဘဲ ထပ်သေရမည့်ဘေးမှ ကင်းဝေးမည်ဖြစ်ပြီး ဤလုပ်ရပ်အပေါ် စစ်အစိုးရမှ ယခင်နည်းအတိုင်းသေနတ်ဖြင့် အကြမ်းဖက်နှိမ်နှင်းဦးမည်ဆိုပါက ဤပွဲ သည် န အ ဖ စစ်အစိုးရအတွက်နောက်ဆုံးထွက်သက်ကို မချိမဆန့် ထွက်ရမည့်ပွဲ ဖြစ်မည်မှာမလွဲဧကန်ပင်ဖြစ်ပေလိမ့်မည်။

No comments: