Friday 9 May 2008

ကိုယ့်လမ်းကိုယ်လျှောက်

ဒီမှာ အရူးအစိုးရ
အရှက်မရှိမျက်နှာနဲ့ 
မနက်ဖြန်မှာ ပြည်သူ့ ဆန္ဒခံယူပွဲလုပ်ဦးမတဲ့
တကယ်ပဲ ပြည်သူ့ ဆန္ဒအမှန်ကို အခုထိမသိသေးဘူးလား။
နင့်ရဲ့ ရင်ထဲမှာပြည်သူမရှိတာ ပြည်သူကလည်းသိသွားသလို
ပြည်သူ့ ရင်ထဲမှာလည်း နင်မရှိတော့တာကြာပါပေါ့။
ကဲ နင်လည်းနင်လမ်း( အ၀ီဇိ) ကိုနင်သွားပါတော့
တို့ ပြည်သူတွေလည်း တို့ အချင်းချင်း တို့ ကူပြီး
တို့ ဘုရင်တို့ ရွေး လို့ တို့ လမ်းကိုတို့ ဖောက်
တို့ ဟာတို့ လျှောက်တော့မဟဲ့
တို့ ရှေ့ ကဖယ် တို့ ကိုကွယ်မထားနဲ့ 
ကွယ်ထားရင် ဖယ်သွားဖို့  ဟောဒီမှာ တို့ တွေရဲ့  ညီညွတ်ခြင်းဓါး
နင့် ကိုပိုင်းဖို့  အဆင်ပါပဲ လား။

No comments: