Friday 9 May 2008

အမျိုးယုတ်အတွက်

*စားနေတဲ့ထမင်း လည်ပင်းထဲနင်တယ်၊
ဟယ်မုန်တိုင်းထိပြည်သူများ ကျွေးမယ့်သူရှိပေမယ့်
တားမြစ်သူအမျိုးယုတ်ပြိတ္တာတွေကြောင့် မစားရပါလား။
*အိပ်နေတဲ့အိပ်ရာ ဘယ်လိုနွေးနွေး ဘယ်လိုကေါင်းကေါင်းအိပ်လို့ မပျော်ပါလား၊
မျက်လုံးထဲဒုက္ခရောက် ငါ့နိုင်ငံသားများတန်းစီလို့ ဝင်လာ
သြော်.. အမိုးမဲ့အကာမဲ့ ကြမ်းပြင်မဲ့ ဘာခြုံလို့ ဘာဝတ် ဘယ်လိုမျိုးအိပ်ရပါ့။
*င့ါရဲ့ ဘေး ငါ့အမျိုးငါ့အဆွေ ငါ့သားသမီး မည်သို့ ပင်အစုံရှိသော်လည်း
ဟယ်..မုန်တိုင်းထိ ငါ့လူမျိုးတွေ သေသူကသေ ပျောက်သူကပျောက် အပူတွေဘယ်လောက်များလိမ့်။
*ဟယ်..ရက်စက်တဲ့မုန်တိုင်း…ရက်စက်တဲ့ကံတရား..
ဒဏ်ထားချင်ရင်..နင်အမေလင်အမျိုးယုတ် သန်းရွှေတို့ တစ်အုပ်ကို ပြုတ်သွားအောင်လုပ်လိုက်ပါလား။
ဒီမသာတွေ ပြည်မြန်မာမှာ အနေကြာတာကို တို့ ဆွေမဟာတွေက ဘယ်လိုမှမကြည့်လို။
*ဟယ်သိကြားမင်း ရှင့်ကျောက်ဖျာအမှန်တင်းရင်ဖြင့် ဒီမင်းယုတ်မသာကောင်ကို အမြန်သာဆောင်ပါတော့အ၀ီဇိ။
*ယုတ်မာလွန်းလို့  အ၀ီဇိကနေအနှစ်သုံးသောင်းတိုင်ပြန်မတက်စေနဲ့ 
တက်လာရင်လည်းရှင့်ခြေထောက်နဲ့ ပြန်နင်းချ။
*ဒင်းကနင်းချမှသေချာမှာ
ဒင်းကခုတ်ချမှ ပြုတ်ကျမှာ
ဒင်းရှိရင်ပြည်နာ
ဒင်းရှိတော့ ပြည်ရှုပ်
ဒင်းပြုတ်မှပြည်အေး
ကဲ..ဒင်းကို မိုးကြိုးနဲ့ ပစ်၊ ဓါးနဲ့ ခုတ်၊ ဒင်းအမျိုးတစ်ယောက်မှမကျန်အောင်ဖြုတ်။

No comments: