Wednesday 7 May 2008

အမြန်...ဦးစားပေး(၁)

သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ရင် ကြိုတင်ပြင်ဆင်မှုလည်းမရှိ လေ့ကျင့်သင်ကြားထားမှုလည်းမရှိ
အတွေ့ အကြုံလည်းမရှိတဲ့ အပြင် ထောက်ခံမဲကိုမတရားတဲ့ နည်းနဲ့ ရဖို့ သာစိတ်ဝင်စားနေတဲ့ အစိုးရလက်ထဲက မုန်တိုင်းသင့်ပြည်သူတွေရဲ့ ဘ၀ဟာမတွေးရဲစရာပါ။
ကျေးဇူးပြုပြီး သက်ဆိုင်ရာ ကမ္ဘာအဖွဲ့ အစည်းအသီးသီးနဲ့ မြန်မာအပေါင်းတို့ ကမ္ဘာအရပ်ရပ်ကပေးနေတဲ့ထိရောက်တဲ့ အကူအညီတွေကို ဒီအစိုးရကအမြန်ဆုံးလက်ခံပြီး ပြည်သူတွေကိုအမြန်ဆုံးကယ်တင်နိုင်ဖို့ ဖိအားပေးကြပါ။
ဒီထက်ပိုပြီး အချိန်မဆွဲသင့်တော့ပါ၊ ဒီထက်ပိုကြာရင် ဒီထက်ပိုဆိုးတဲ့မတွေးဝံ့စရာအန္တရာယ်တွေအများကြီးပါ။
ဘုရားကယ်ပါ တကမ္ဘာလုံးက၀ိုင်းကယ်ကြပါ။
ဒီဦးနှောက်မဲ့တဲ့ စစ်အစိုးရကို လူ့ အသိတရားလေးဝင်လာအောင်လုပ်ပေးကြပါ။
ကမ္ဘာစောင့်နတ်မင်းအပေါင်း လောကစောင့်နတ်မင်းအပေါင်း အမြန်ဆုံးမတော်မူပါ။

No comments: